သူ့ စကားကို သူမက သဘောကျစွာရယ်လေသည်။ Jimin သူမ လက်လေးကို ဆွဲယူကာ သူမ လက်ဖမိုးလေးကို ယုယစွာ နမ်းလိုက်မိသည်။

"ချစ်တယ် Hae Yoon ahh!!"

သူမ မျက်ဝန်းတွေထဲ ငေးကြည့်ရင်း ပြုံးကာ သူတို့နှစ်ယောက်တည်းကြားယုံမျှ သူတီးတိုးလေး ပြောလိုက်တော့ သူမပါးလေးနှစ်ဖက်ရဲသွားလျှက် ခေါင်းငုံ့သွားလေသည်။

"တဆိတ်လောက် ...... အကိုတို့ စုံတွဲကို ဓါတ်ပုံရိုက်လို့ ရမလား ...... အကိုတို့ အတွဲက ချစ်စရာကောင်းလို့ ကျွန်မတို့ဆိုင်မှာ အမှတ်တရ ထားချင်လို့ပါ"

ဆိုင်က ဝန်ထမ်းမလေး ပြောမှ ပတ်ဝန်းကျင်ကို မေ့လျော့နေမိတာကို သတိဝင်လာတာ ရှက်ရှက်ဖြင့် သူ့ဂုတ်သူ ပွတ်သပ်ရင်း ရယ်လိုက်မိသည်။ သို့နှင့် Jimin လည်း အကျင်္ီလဲလိုက်ပြီး နှစ်ယောက်သား ဆိုင်က ဓါတ်ပုံရိုက်ပေးတာကို ခံလိုက်၏။ သူတို့ နှစ်ယောက်ကို ဆိုင်အပြင်ဘက်ကနေ ငေးကြည့်နေတဲ့ မိန်းကလေး တစ်ယောက် ရှိခဲ့တာကိုတော့ သူတို့ သတိထားမိမှာ မဟုတ်ချေ။

Ji Na အလုပ်ကိစ္စနှင့် ဖြတ်လာတုန်း မင်္ဂလာဝတ်စုံ ဆိုင်တစ်ခုမှာ Hae Yoon တို့ကို တွေ့လိုက်တာကြောင့် သူမ အပြင်ကနေ ရပ်ကြည့်နေမိသည်။ နောက်ဆုံးတော့ သူမ သူငယ်ချင်းလေး စိတ်ကူးယဉ် အိမ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီပေါ့ ...... မိဘ သဘောတူတယ်လို့ သူမ သတင်းကြားထားပေမယ့် ယခု အမြင်မှာတော့ Jimin က သူမကို တော်တော်ချစ်လေသည်။ သူမ သူငယ်ချင်း ကံကောင်းပါတယ် ...... သူမ လည်း တစ်ခါတစ်လေ အခြားအတွဲတွေလိုမျိုး ကိုယ့်ချစ်သူနှင့် ပျော်ချင်မိသည်။ ဒါပေမယ့် အမြဲတမ်း စိုးရိမ်ပူပန်မှုတွေနဲ့ နေနေရတဲ့ သူမမှာ ဒီလိုနေဖို့ အခွင့်အရေးမရှိ။ သူမ အခွင့်အရေးကို ပိတ်ပင်ခဲ့သူမှာလည်း သူမ ကိုယ်တိုင်ပေပဲ မဟုတ်လား ...... သူမ သက်ပြင်းလေးချလျှက် ထိုဆိုင်ရှေ့မှ ပြန်ထွက်လာခဲ့မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxx

Ji Na အစည်းအဝေးခန်းထဲက ထွက်လာပြီး သူမ ဖုန်းကို ကြည့်လိုက်မိတော့ Jin ဆီက Miss call ဝင်နေတာတွေ့လိုက်ရ၏။ သူမ ပြန်ခေါ်ရန် သင့်မသင့် စဉ်းစားနေစဉ်မှာပင် ဖုန်းက ထပ်မြည်လာလေသည်။

String [Completed]Where stories live. Discover now