Jimin ဆွဲထူမယ် လုပ်တော့ Jin hyung က သူ့ကို ဖက်ထားလေသည်။
"arrr ...... hyung အိမ်ပြန်ရအောင်လို့"
Jimin ... သူ့ကို အတင်းဖက်ထားတဲ့ Jin hyung ကို ဖယ်ထုတ်ဖို့ လုပ်နေစဉ်မှာပင် သူ့ ပုခုံးပေါ်ကျလာတဲ့ ပူနွေးနွေး အထိအတွေ့ကြောင့် အံ့အားသင့်သွားရသည်။ Hyung ငိုနေတာလား ...... Jimin သူ့ပုခုံးပေါ်ကနေ အတင်းဖယ်ကာ hyung မျက်နှာကို သေချာ ကြည့်လိုက်မိ၏။ ဟုတ်တယ် ...... သူ့ hyung ငိုနေတာ ...... Jimin သူ့ကို ဆွဲထူကာ ကားပေါ်တင်ခဲ့ပြီး ဟန်မြစ်ကမ်း ဘက်သို့ ဦးတည်ပြီး မောင်းလာခဲ့မိသည်။ အဲ့နေရာမှာဆို hyung စိတ်တွေ အနည်းငယ် သက်သာရာရမလားလို့လေ ...... Jin hyung ကတော့ တလမ်းလုံး မျက်လုံးမှိတ်၍သာ လိုက်လာလေသည်။ မျက်ရည်စတွေကတော့ သူ့မျက်ဝန်းထောင့်မှ စီးကျလျှက် ......
ဟန်မြစ်ကမ်းဖက်ရောက်တော့ Jimin ......Jin hyung ဘက်ကို လှည့်ကြည့်လိုက်၏။ Jin hyung ငြိမ်သက်နေပေမယ့် မျက်ရည်တွေက ကျနေဆဲ ......
"hyung ...... ဘာတွေဖြစ်လာတာလဲ ...... ကျွန်တော့်ကို ပြောပြပါ ...... ဘာလို့ hyung အဲ့လောက်တောင် ခံစားနေရတာလဲ"
Jin hyung ဘက်မှ ဘာအဖြေစကားမှ ပြန်မထွက်လာဘဲ တချက်မှ မလှုပ်တာကြောင့် Jimin ကားပေါ်က ဆင်းကာ သူ့ဘက်အခြမ်း တံခါးကို ဖွင့်၍
"hyung ... ထ ...... ဟိုရှေ့နားမှာ သွားထိုင်ရအောင် ...... hyung စိတ်ထဲမှာ မွန်းကြပ်နေတာတွေကို ဖွင့်ထုတ်ပစ်ဖို့တော့လိုနေပြီ"
သူ အတင်းဆွဲချတော့ ကလေးလေး တစ်ယောက်လို အနောက်ကနေပါလာလေသည်။ Jimin သူ့ကို ထိုင်ခုံ တစ်ခုမှာ ထိုင်ခိုင်းလိုက်၏။ ညီအစ်ကို နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောဘဲ အတန်ကြာ ငြိမ်နေပြီးမှ Jin hyung ဆီက စကားသံ ထွက်လာလေသည်။
"Jimin ahh ...... ဘယ်လိုလုပ်ရမလဲ ...... hyung ဘယ်လိုလုပ်ရမှာလဲ ...... Soon Young က လမ်းခွဲပေးပါတဲ့ ...... hyung နေနိုင်ပါတယ်ကွာ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနားမှာ ရှိနေရရင် hyung အဆင်ပြေပါတယ်"
သူ့ အကို စကားကြောင့် Jimin လန့်သွားမိသည်။
"Hyung ... ဘာတွေ ပြောနေတာလဲ ...... Soon Young က သေပြီလေ"
"arni ...... တကယ်တော့ Ji Na က Soon Young ..."
"ဘယ်လိုတောင် .........???"
"ဟုတ်တယ် ညီ ... hyung စုံစမ်းရင်း သိခဲ့ရတာ ...... "
Jin သူ ဖြစ်ခဲ့သမျှ အကြောင်းစုံကို Jimin ကို ပြောပြလိုက်၏။ Jimin ကတော့ အံ့သြမှင်သက်စွာ သူ့စကားကို နားထောင်နေလေသည်။ သူ့ စကားဆုံးတော့ Jimin က
"hyung ...... သူ့ကို တကယ် အဆုံးအရှုံးမခံနိုင်တာ သေချာလား"
"အင်း ..."
"အဲ့ဒါဆို ခိုးပြေးလိုက်"
"ညီ!!!"
"ဟုတ်တယ် ...... အဲ့ဒါ အကောင်းဆုံ အကြံဉာဏ်ပဲ"
"အဲ့လိုမျိုး ...... hyung မလုပ်နိုင်ဘူး ထင်တယ်"
"ဘာလို့ မလုပ်နိုင်ရမှာလဲ ... hyung ကလည်း ...... Soon Young အကြောင်းလည်း hyung သိရဲ့သားနဲ့ သူလည်း hyung ကို ချစ်နေတာပဲလေ ...... သူ့ဘက်ကလည်း မတတ်သာလို့သာ hyung ကို ငြင်းနေတာ"
"မဖြစ်ပါဘူး ...... ညီရာ ...... နေပါစေတော့ ...... ဘာပဲဖြစ်ဖြစ် ညီ့ကို ပြောလိုက်ရတော့ hyung ရင်ထဲမှာ တော်တော်လေး သက်သာသွားတယ် ...... ကျေးဇူးတင်ပါတယ် ...... ညီ"
"မလိုပါဘူး ...... hyung ရာ ...... hyung စိတ်ချမ်းသာရင် အဆင်ပြေပါတယ် ...... တကယ်လို့ hyung မှာ နည်းလမ်းမရှိတော့ရင် ခုနက ညီပြောတဲ့ နည်းလမ်းကို သုံးကြည့်သင့်တယ်"
"တော်ပါပြီ ...... အခြား စဉ်းစားလိုက်ပါဦးမယ်ကွာ"
"အင်းလေ ...... hyung သဘောပဲ ...... ကဲ ပြန်တော့မလား hyung ... မပြန်ချင်သေးလည်း နေလို့ရတယ် ညီ အိမ်ကို ဖုန်းဆက်ထားပြီးပြီ"
"ခဏတော့ နေဦးမယ်ကွာ"
Jin လက်ပိုက်ကာ ထိုင်ခုံနောက်ကျောပေါ်ခေါင်းတင်ပြီး မျက်လုံးမှိတ်နေလိုက်တော့ Jimin ကလည်း အဲ့လိုလိုက်လုပ်လေသည်။ Jin သူ့ညီကို ကြည့်ကာ ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။ ဒီလောက်ဆို Jaung Woo arjushi ကို သူ ခွင့်လွှတ်နိုင်ပြီ ထင်ပါရဲ့ .........
to be continued
String (Part 30)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)