"ဦးလေး အစကတည်းက ပြောဖို့ ကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့် ကိုယ့်ကို အားကိုးယုံကြည်နေတဲ့ ကလေး တစ်ယောက်ရဲ့ ယုံကြည်ချက်တွေကို ရိုက်ချိုးသလို မဖြစ်ချင်တာကြောင့် မပြောရက်ခဲ့ဘူး"
"အဲ့ဒါဆိုလည်း ...... မပြောဘဲနဲ့ တစ်သက်လုံးနေလိုက်ပါလားဗျာ ...... ဘာလို့ အခုမှ ...... ဘာလို့ အခုမှ လာပြောနေတာလဲ"
"ဦးလေး နေရတာ လိပ်ပြာ မလုံလို့ပါ ...... ဦးလေး ဒီရက်တွေမှာ အများကြီး စဉ်းစားခဲ့တယ် ...... ဟိုတလောက မင်းနဲ့ Mr.Shin ရဲ့ သမီးကို တွဲတွေ့ရတုန်းကဆိုလည်း အရမ်းတုန်လှုပ်ရတယ် ...... ဘာပဲ ဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံးကို မင်းအမှန် အတိုင်းသိသင့်တယ် ထင်လို့ ...... ဒီကိစ္စကြောင့် ဦးလေးကို ဥပဒေအရ အပြစ်ခံယူစေချင်တယ် ဆိုလည်း ဦးလေး ခံယူဖို့ အသင့်ပါ"
Jin ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ရင်း စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ Jaung Woo arjushi ကတော့ ဒူးထောက်ရာမှ မထသေး ...... အချိန်အတန်ကြာသည် အထိ နှစ်ယောက်သား နေရာ မယွင်းပဲ နေနေမိသည်။ သူ ဘာလုပ်ရမှာလဲ ...... ခွင့်လွှတ်ရမှာလား ...... သူ့မိဘတွေကို သတ်ခဲ့တဲ့ ကိစ္စကြီး တစ်ခုလုံးကို သူ့ကို အချိန်အခိုက်အတန့်လေး စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးနဲ့ ချေပစ်ရမှာလား ...... သူ အဲ့လောက်ထိ သဘောထား မကြီးနိုင်သေးတာ သေချာသည်။ Jin စိတ်ရှုပ်စွာဖြင့် ထိုနေရာမှ ထထွက်လာခဲ့မိတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"ညီ ...... အားရင် bar ကို လာခဲ့ပါကွာ ...... hyung တစ်ယောက်တည်း ဖြစ်နေလို့"
ဖုန်းထဲမှ လေးပင်နေတဲ့ Jin hyung ရဲ့ အသံကြောင့် Jimin စိုးရိမ်ကာ သူ့ အစ်ကိုရှိရာ bar သို့ လိုက်သွားလိုက်၏။ ဟိုရောက်တော့ သူ ထင်တဲ့ အတိုင်း Jin hyung က ခေါင်းပင် မထူနိုင်တော့ ...... Jimin သူ့ဘေးမှာ ဝင်ထိုင်ရင်း သူ ထပ်သောက်ဖို့ ပြင်နေတဲ့ ခွက်ကို ဆွဲယူကာ မော့သောက်လိုက်မိသည်။ ထိုအခါမှ Jin မျက်စိ အနည်းငယ် ပွင့်လာကာ
"အင် ...... ညီ ရောက်လာပြီပဲ"
"hyung ...... ဘယ် အချိန်ကတည်းက သောက်နေတာလဲ"
"သိပ်မကြာသေးပါဘူး ..."
"သိပ်မကြာသေးပါဘူးသာ ပြောတယ် ...... မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး မဟုတ်လား ...... ပြန်ကြရအောင် hyung"
String (Part 30)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)