"ကိုယ့်ရဲ့ သတို့သမီးလေး ဖြစ်ပေးမယ် မဟုတ်လား ...... Hae Yoon ahh"

သူမ ခေါင်းငြိမ့်ကာ သူ့ဆီသို့ လက်လေးကမ်းပေးလိုက်တော့ Jimin က သူမ လက်သန်းကြွယ်မှာ လက်စွပ်လေး စွပ်ပေးကာ သူမ လက်ဖမိုးလေးအား ဖွဖွလေး နမ်းရှိုက်လိုက်လေသည် ။ သူမလည်း သူ့နည်းတူ ဒူထောက် ထိုင်ချကာ သူ့ကို ဖက်ထားလိုက်မိသည်။ လုပ်ဖော်ကိုင်ဖက်တွေ လူနာတွေရဲဲ့ လက်ခုပ်သံ ကောင်းချီးပေးသံ တွေရဲ့ကြားထဲမှ တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ခုန်သံတွေနှင့် အတူ သူမ သူ့နားကပ်ကာ တီးတိုးလေးပြော လိုက်မိသည်။

"Sarnghae Jimin ahh ...... Nomu Saranghae"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Jin မနက်က Ji Na ကို ပို့ခဲ့ပေးတဲ့ နေရာမှာပင် သူမ အလာကို ရင်ခုန်စွာနှင့် စောင့်နေမိသည်။ လက်မှ နာရီကို ကြည့်လိုက်တော့ ၆ နာရီပင် ရှိပြီမို့ သူမ လာမှလာပါ့တော့ မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးက မသိမသာလွှမ်းမိုးလို့ လာလေသည်။ သူ နာရီကို ကြည့်လိုက် သူမ လာရာ လမ်းဘက်သို့ မျှော်ကြည့်လိုက်ဖြင့် စောင့်နေစဉ်မှာပင် သူ့ကားဆီသို့ လျှောက်လာနေတဲ့ သူမကို တွေ့လိုက်ရ၏။ Jin သက်ပြင်းချလိုက်ကာ သူမကို ငေးကြည့်နေမိစဉ် သူမ သူ့အနားသို့ ရောက်လာပြီး ကားပေါ်တက်ထိုင်ရင်း

"စောင့်ရတာ ကြာသွားရင် တောင်းပန်ပါတယ်နော် Jin ...... Jin တို့ အိမ်အတွက် ကိတ်မုန့်ဝင်ဝယ်နေရင်း ကြာသွားတာ"

"arr ...... Ji Na ကလည်း ဘာလို့ ဒုက္ခခံပြီး ဝယ်ရတာလဲ"

"Jin ကို အားနာလို့ပါ ......Jin တောင် ကျွန်မကို တကူးတကလာကြိုသေးတာပဲ ......ဒါက ကျွန်မ စေတနာပါ"

"ဒါဆိုလည်း ......ကောင်းပါပြီ ...... ကျေးဇူးပါဗျာ"

Jin သူမ လက်ထဲက ကိတ်မုန့်ဘူးကို ယူကာ အနောက်ဘက်သို့ ထားလိုက်ရင််း ပြုံးလိုက်မိသည်။ သူများ အပေါ်မှာကျေးဇူးကြွေး အတင်မခံတာ သူမ အကျင့်လေ။

"Jin က ဘာလို့ပြုံးတာလဲ"

သူ့ အပြုံးရဲ့ အဓိပ္ပါယ်ကို သိချင်စွာဖြင့် မေးလာတဲ့ သူမ မျက်ဝန်းတွေထဲကို သူကြည့်လိုက်တော့ သူမက မျက်လွှာချကာ ခေါင်းငုံ့သွားလေသည်။ Jin လည်း သူမ ထံမှ အကြည့်လွှဲလိုက်ကာ

"တစ်စုံတစ်ယောက်ကို သတိရသွားလို့ပါ" လို့ ဖြေလိုက်၏။ သူ့စကား အဆုံးမှာ တဖက်သို့ မျက်နှာလွှဲကာ ပြုံးလိုက်တဲ့ သူမရဲ့ အပြုံးကို သူမြင်တွေ့လိုက်ရလေသည်။ ကားတစ််စီးထဲက သူတို့နှစ်ယောက် တူညီတဲ့ အတွေးကို တချိန်တည်း တွေးနေတယ် ဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ။

တချိန်တည်းမှာပဲ လက််ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားပြီး သူတို့ကို လှမ်းကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့လေသည်။

"Choi Ji Na ...... နင်က ဘယ်လိုလုပ်ပြီး Jin ကိုမှ ......... arni နင့်လက်ထဲ သူ ဘယ်တော့မှ မရောက်စေရဘူး ...... နင် နယ်ကျွံ့တာတွေ သိိပ်များသွားပြီ"

xxxxxxxxxxxxxxxxxxxxxxxxxxx

to be continued

String [Completed]Where stories live. Discover now