"ဒါနဲ့ ဟိုတခါက နင် Soon Young ဆုံးတဲ့ ကိစ္စကို စုံစမ်းသေးတယ် မဟုတ်လား ...... အဲ့ဒါဘာထူးလဲ"
"မထူးပါဘူးဟာ ...... အဲ့ဒီ့ DNA စစ်ချက်ထုတ်ပေးခဲ့တဲ့ ဆရာဝန်က နိုင်ငံခြားရောက်နေတယ် ...... သူ ပြန်လာမှ သူ့ကို သွားတွေ့လို့ရမှာ"
"ငါတော့ နင့်ကို အဲ့ဒီ့ကိစ္စတွေ ဆက်မစုံစမ်းစေချင်ဘူး ...... တကယ်လို့ သေတဲ့သူက Soon Young မဟုတ်ပါဘူးတဲ့ ...... ဒါဆို Soon Young ကို နင် ဘယ်မှာသွားရှာမလဲ ...... နင်ပဲ ပိုပြီး စိတ်ပင်ပန်းရလိမ့်မယ် ... ငါနင့်ကို အဲ့ကိစ္စတွေထဲမှာပဲ ပိတ်လှောင်ပြီး နေနေတာမျိုး မဖြစ်စေချင်ဘူး"
"အင်းပါ ...... ငါ ... နင့် စေတနာကို နားလည်ပါတယ်"
အတွေးကိုယ်စီကြောင့် ချစ်သူနှစ်ဦး ကြားမှ စကားသံတွေ တဒင်္ဂ တိတ်ဆိတ်သွား၏။
သူမတို့ ဆေးရုံထဲ ဝင်လိုက်တာနှင့် သူမတို့ကို ဝိုင်းကြည့်နေသလို ခံစားလိုက်ရ၏။ Hae Yoon သူမ ဘေးက Jimin ကို ကြည့်လိုက်မိသည်။ Jimin ကတော့ သူမ ပုခုံးကို ဖက်ကာ အေးဆေးစွာပင် လျှောက်နေလေသည်။ သူမ ပဲ စိတ်ထင်နေလို့လား ဆိုတဲ့ စိတ်ကြောင့် သူမ ပြန်လှည့်ကြည့်မိတော့ လည်း အသေအချာပင် ဆရာဝန်တွေရော သူနာပြု ဆရာမလေးတွေကပါ သူမတို့ အတွဲကိုကြည့်သွားကြ၏။ သူမ Jimin နား ကပ်ကာ လေသံလေးဖြင့်
"Jimin ငါတို့ကို ဝိုင်းကြည့်နေကြ သလိုပဲနော် ...... နင် သတိထားမိလား"
"နင် ပိုချောလာလို့ နေမှာပေါ့ ...... ဂရုစိုက်မနေပါနဲ့ ...... သွားမယ်"
ရွှတ်နောက်နောက်ပြောလာတဲ့ Jimin ကို သူမ မျက်စောင်းလေး ထိုးကာ ကြည့်လိုက်မိ၏။ သူမတို့ ဌာန ရှိရာသို့ အရောက် "will you marry me, Hae Yoon" ဆိုသော ဗီနိုင်း သူမ ရှေ့သို့ ကျလာသည်နှင့် အတူ ရွှေမှုန်ငွေမှုန်တွေလည်း ဖွါးကနဲ သူမ တို့နှစ်ယောက် ဆီသို့ ကျလာလေသည်။ သူမ အ့ံသြစွာဖြင့် Jimin ကို လှည့်ကြည့်မိတော့ Jimin က ဒူးထောက်လျှက် သူမ ဆီသို့ လက်စွပ်ဗူးလေး ကမ်းပေးနေ၏။ သူမ ဝမ်းသာလွန်းလို့ မျက်ရည်ပင်ဝဲလာမိသည်။ သူမကို ဒီလိုလူတွေ အများကြီးရှေ့မှာ လက်ထပ်ခွင့် တောင်းလာလိမ့်မယ်လို့ သူမ အိမ်မက်တောင် မမက်ဖူးခဲ့ချေ။
String (Part 29)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)