"လာ ...... သွားရင်းနဲ့ပြောကြတာပေါ့"

Jimin သူမ ပုခုံးလေးကို အနောက်ကနေ ကိုင်လျက်တွန်းကာ ကားဆီသို့ခေါ်ခဲ့ပြီး သူမဝင်ထိုင်ရန် အတွက် ကားတံခါး အဆင်သင့်ဖွင့်ပေးလိုက်၏။ Hae Yoon ဝင်မထိုင်သေးဘဲ မလုပ်စဖူး အပြုအမူတွေ လုပ်နေတဲ့ သူ့ကို အထူးအဆန်းလို သူ့ကိုကြည့်မိ၏။ သူက ဝင်လေ ဆိုတဲ့ပုံစံဖြင့် မေးငေါ့ပြလေသည်။ အရင်ထက်ပိုပြီး စူးရှနေတဲ့ သူ့အကြည့်တွေကြောင့် သူမ မလုံမလဲတောင် ဖြစ်မိသည်။ သူကတော့ မထူးဆန်းသလိုပင် သူမကို ထိုင်ခုံခါးပတ်တောင် ပတ်ပေးလိုက်သေးသည် သူမတို့ အိမ်မှ ထွက်ခဲ့ကြရင်း Jimin က Jin oppa အကြောင်းကို ဆက်ပြောပြလေသည်။

"aww ...... Jin oppa က Ji Na ကို သဘောကျနေတာလား"

Hae Yoon ...... Soon Young ကို သတိရလိုက်မိတာကြောင့် မျက်နှာလေး ညှိုးသွားလေသည်။ ဒါကို သိတဲ့ Jimin က

"ဘာလဲ ...... အဲ့မျက်နှာက ......"

"arni ...... Soon ကို သတိရသွားလို့ပါ"

Jimin ကားမောင်းနေရင်းမှ သူမလက်လေးကို ဖွဖွလေးဆုပ်ကိုင်ရင်း သက်ပြင်းချလိုက်မိသည်။ သူမ သတိရသလို သူလည်း Soon Young ကို သတိရမိပါသည်။ Soon Young ဆိုတာ သူ့ သူငယ်ချင်းပဲလေ ပြီးတော့ တချိန်ကျရင် သူ့မရီးဖြစ်လာမယ့် သူ ဟူ၍လည်း ပြောလို့ရသည်။ ဒါပေမယ့်လို့ သေတဲ့သူက သေသွားတဲ့ အချိန်မှာ ကျန်ရစ်တဲ့ သူက အမြဲတမ်း တမ်းတနေတာတော့ မဖြစ်သင့်ဘူးဟု သူထင်သည်။

"ကိုယ့်ချစ်သူ ပျော်နေတာကို ကြည့်ပြီး ...... Soon Young လည်း ကောင်းကင်ဘုံကနေ ပျော်နေမှာပါ"

"Jin oppa က Soon Young ကို တကယ်မေ့သွားနိုင်မယ်လို့ နင်ထင်လား??"

"အင်း ...... အဲ့ဒါကြောင့်လည်း Ji Na ဘက်ကို စိတ်တွေယိမ်းယိုင်နေတာပေါ့"

"ငါတော့ မထင်ဘူး ...... သူ Ji Na ကို စိတ်ဝင်စားတာ အကြောင်းအရင်း တစ်ခုတော့ရှိတယ် ထင်တယ် ...... နင် သတိထားမိလားတော့ မသိဘူး ...... Ji Na က Soon Young နဲ့တူတယ် ...... ရုပ်ချင်း မဆင်ပေမယ့် စကားပြောပုံနဲ့ နေပုံထိုင်ပုံတွေက Soon Young နဲ့ တူတယ် လို့ ငါခံစားမိတယ် ...... Jin oppa လည်း အဲ့လို ခံစားမိမယ်ထင်တယ်"

"ဒါဆို Ji Na က Soon Young နဲ့တူလို့ hyung က သဘောကျတာလား"

"မသေချာပါဘူး ...... ငါ့အထင်ပြောတာ"

String [Completed]Where stories live. Discover now