"nae...... နောက်ကို ဒီနားရောက်ရင် ဝင်ခဲ့ပါ့မယ် ...... သွားပြီနော် Hyeri"
Hyeri ခေါင်းလေးငြိမ့်ပြကာ Jin ကားထွက်သွားတာကို ကြည့်ရင်း ကျန်ခဲ့လေသည်။ Jin လို အဖက်ဖက််က အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းတဲ့ ယောက်ျားတစ်ယောက် အပေါ် သူမ စိတ်တွေ တိမ်းညွှတ်မိနေတာ ဖြစ်သင့်တဲ့ အရာတစ်ခုပေပဲ မဟုတ်လား ...... Hyeri နှုတ်ခမ်းလေး ကွေးညွှတ်အောင် ပြုံးလိုက်မိသည်။
***စောစောစီးစီး ထွက်သွားပေးတဲ့ အတွက် gomawo Soon Young yarr**
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"Hae Yoon ahh!!"
သူမ ဆေးရုံသွားရန်အိမ်မှအထွက် အိမ်ရှေ့မှာ ရပ်နေတဲ့ Jimin ကြောင့် အံ့အားသင့်သွားရလေသည်။
"Jimin ...... ဘယ်လိုလုပ်ပြီး ...... ရောက်နေတာလဲ ...... အိမ်ထဲလည်း မဝင်ဘူး"
Jimin က သူ့လက်ကို နောက်ပစ်ကာ ဖွက်ထားတဲ့ နှင်းဆီပန်းရဲရဲလေးတစ်ပွင့်ကို သူမဆီသို့ ကမ်းပေးလာရင်း
"နင့်ကို အံ့သြစေချင်လို့လေ ...... ငါကိုတွေ့တော့ မပျော်သွားဘူးလား"
သူမလည်း သူ့လက်ထဲက ပန်းလေးကိုလှမ်းယူကာ နမ်းရှိုက်ရင်း ခေါင်းညိမ့်ပြလျှက်
"ပျော်တာပေါ့ ...... ဟီးး ဟီးး ...... တခါမှ လာမခေါ်စဖူး Park Jimin က လာခေါ်တာကိုး ...... ဘာလဲ ဒီနေ့ငါ့နဲ့ အတူတူ သွားးချင်လို့လာတာလား"
"ဟုတ်ဘူး ...... Jin hyung ကားယူသွားလို့"
"borr ...... Park Jimin !!!!"
"ဟား ...... ဟား ...... နောက်တာပါကွာ ... ကိုယ့်ချစ်သူလေးနဲ့ အတူတူသွားချင်တာလည်း ပါတာပေါ့ ...... ဘာပဲဖြစ်ဖြစ် နင်နဲ့ သုံးလေးရက်လောက်တော့ အတူတူ သွားရတော့မယ်ထင်တယ်"
"Jin oppa က ကားဘာဖြစ်လို့လဲ"
"မနေ့က အက်ဆီးဒင့်ဖြစ်လာလို့"
"Omo ...... oppa ဘာဖြစ်သွားသေးလဲ"
"လူတော့ ဘာမှမဖြစ်ပါဘူး ...... ဒါပေမယ့် နှလုံးတော့ နည်းနည်းထိသွားပုံရတယ်"
Jimin စကားကို Hae Yoon က နားမလည်သည့်ပုံစံဖြင့် စဉ်းစားနေလေသည်။ Jimin သူမကို ကြည့်ကာ ရယ်လိုက်ရင်း
String (Part 29)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)