"ကျွန်တော်က စားခဲ့ပြီးပြီ ...... အိမ်မှာ အမေက မနက်စာ မစားသွားရင် မကြိုက်ဘူး"
"nae ... အဲ့ဒါဆို ခဏလေးပဲ စောင့်နော်"
"ရပါတယ် ...... အေးအေးဆေးဆေး လုပ်ပါ"
သူမ ထမင်းစားခန်းဘက်သို့ခပ်မြန်မြန်ပင် ထွက်လာခဲ့လိုက်သည်။ Yoon နှင့် arjuma ကတော့ သူမကို ကြည့်ကာ ပြုံးစိစိလုပ်နေကြ၏။ သူမ သူတို့ကို မျက်စောင်းထိုးကာ ကြည့်ရင်း မနက်စာကို မြန်မြန်ပဲစားကာ ရုံးသို့ Jin နှင့် အတူထွက်လာခဲ့လိုက်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxx
သူ့ကို နှုတ်ဆက်ကာ ကားပေါ်က ဆင်းသွားတဲ့ သူမ နောက်ကျောလေးကိုကြည့်ရင်း Jin သဘောကျစွာ ပြုံးလိုက်မိသည်။ အနည်းဆုံးတော့ ဒီသုံးလေးရက်လောက် သူမနှင့် အလုပ်သွား အလုပ်ပြန်တွေ့ခွင့်ရပြီလေ ...... ဒါတောင် သူများတွေ တမျိုးထင်ကုန်မှာ စိုးရိမ်တယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် Company ရှေ့အထိ ပို့ခွင့်မရ ......
"Jin shi!! ...... Jin shi!!"
သူ Ji Na ကို ငေးကြည့်နေစဉ် သူ့ဘေးဘက်မှန်တံခါးကို လာခေါက်တာကြောင့် လှည့်ကြည့်လိုက်တော့ Hyeri...... Jin သူမကို ပြုံးပြရင်း မှန်ချလိုက်၏။
"ကျွန်မ လှမ်းကြည့်နေတာ Jin နဲ့ တူပါတယ်လို့ ...... ကားပြောင်းလိုက်တာလား"
"မဟုတ်ဘူး ...... ကျွန်တော့်ကား ပြင်နေလို့ ... ညီညီ့ကားကို ယူလာတာ"
"aww ... Company ကို လာတာ မဟုတ်လား parking ထဲဝင်လေ"
"မဟုတ်ဘူး ...... ကျွန်တော့်် အသိတစ်ယောက်ကို လာပို့တာ"
"ဒီနားရောက်နေမှတော့ Jin ရယ် ...... ကျွန်မ ရုံးခန်းထဲမှာ ကော်ဖီဝင်သောက်သွားလေ"
"နေပါစေတော့ဗျာ ......ဒီနေ့တော့ Hyeri ရဲ့ စေတနာကိုပဲ လက်ခံလိုက်တော့မယ် ...... ကျွန်တော် ရုံးနောက်ကျနေမှာ စိုးလို့ သွားရတော့မှာမို့လို့ ...... နောက် တစ်ခေါက်ကြုံမှပဲ သောက်ပါရစေ"
သူ့အပြောကို Hyeri က သဘောကျစွာရယ်ရင်း
"Jin က တော်တော် အပြောကောင်းပဲ ...... နောက်တစ်ခေါက်တော့ တကယ်သောက်ရမယ်နော် ...... လမ်းကြုံကြုံ မကြုံကြုံ ကျွန်မတို့ Company က Jin ကို ဆိုရင် welcome ပါ"
String (Part 29)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)