"ကဲ ...... ကဲ ထားလိုက်တော့ ...... အခုမှ ဘယ်တတ်နိုင်တော့မှာလဲ ......ကိုယ်ခေါ်လာတဲ့ ဧည့်သည်ကို ကိုယ့်ဟာကိုယ် ဧည့်ခံ ...... မမ ပြင်ဆင်ပြီးမှ ဆင်းလာခဲ့မယ်"
သူမ စကားကြောင့် အကြပ်ရိုက်နေတဲ့ Yoon မျက်နှာလေးပြုံးသွားကာ အောက်ထပ်သို့ ပြေးဆင်းသွားလေသည်။ Ji Na မှန်ထဲမှာ ထင်နေတဲ့ သူမ ပုံရိပ်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူနှင့် တတ်နိုင်သမျှ အဝေးဆုံးမှာပဲ နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် သူ့ကို ပစ်ပစ်ခါခါ မလုပ်ရက်တဲ့ သူမကိုယ် သူမလည်း စိတ်တိုမိသည်။ အခုပဲ ကြည့်လေ သူနဲ့ မလိုက်ချင်တာတောင် အောက်ထပ်မှာ သူရောက်နေတယ် ဆိုတော့ သစ္စာမရှိတဲ့ ရင်ခုန်သံတွေက မြန်ဆန်နေပြန်သည်။
သူမ အိမ်အောက်ထပ်ကို ဆင်းလာတော့ သူက ဧည့်ခန်းမှာ သတင်းစာ ထိုင်ဖတ်နေလေသည်။ Yoon က သူ့အတွက် ကော်ဖီ တစ်ခွက်နှင့် မုန့်တစ်ပန်းကန်တော့ ချထားပေးလေရဲ့ ...... သူမ ခြေသံကြားတော့ သူက ဖတ်လက်စ သတင်းစာကို ချရင်း သူမ နားလျှောက်လာကာ
"Ji Na နေမကောင်းဘူးဆို ...... ဘယ်လိုနေသေးလဲ ...... သက်သာရဲ့လား"
ပြောလည်းပြော သူ့လက်တစ်ဖက်ကလည်း သူမ နဖူးပေါ်ရောက်လာတာကြောင့် သူမ အနောက်ကို ဆုတ်လိုက်မိသည်။ သူလည်း သူ့လက်ကို ပြန်ရုတ်လိုက်ကာ
"mianae ...... အိမ်မှာ အမေ နေမကောင်းဘူးဆိုရင် ... အဲ့လိုပဲ စမ်းနေကျအကျင့် ဖြစ်သွားလို့"
"arr ...... ရ ... ရပါတယ်"
သူမ သူ့မျက်နှာကို မဝံ့မရဲ ကြည့်လိုက်မိတော့ သူက သူမကို ကြင်နာစွာဖြင့် ကြည့်နေတာကို တွေ့လိုက်ရ၏။ ဘာလို့လဲ ...... သူမ အပေါ် သူကြည့်တဲ့ အကြည့်တွေက အရင်ကနဲ့ မတူဘဲ ဘာလို့ အရောင်ပြောင်းနေရတာလဲ ...... တကယ်ပဲ သူမက Soon Young ဆိုတာ သူသိသွားပြီလား......
"Ji Na shii ......!! ဘာတွေ ဒီလောက်တောင်တွေးနေလို့ ကျွန်တော်မေးတာ မကြားရတာလဲ"
"ရှင် ...... ဘာမှ မဟုတ်ပါဘူး ...... Jin ဘာမေးလိုက်တာ"
"Yoon ပြောတော့ ရုံးမသွားဘူးဆို အခုက ???"
"aww ...... ကိစ္စလေး တစ်ခု ရုတ်တရက် သတိရသွားလို့ ခေါင်းပဲနည်းနည်းကိုက်နေတာ ဆိုတော့ သွားလိုက်မလားလို့ ...... ကျွန်မ မနက်စာ စားလိုက်ဦးမယ် ...... ခဏတော့စောင့်ပေးနော် ...... Jin လည်း မနက်စာ မစားရသေးရင် တခါတည်း ဝင်စားသွားပါလား"
String (Part 29)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)