"arr ...... နေပါစေ ရပါတယ် ...... ဒီမှာလည်း ဘာမှ ထွေထွေထူးထူးမရှိပါဘူး ...... "

အဖေနဲ့ စကားနည်းနည်းပါးပါး ပြောပြီးတော့ ဖုန်းချလိုက်၏။ Mr.Shin သူမကို Soon Young ဆိုတာ သိသွားတဲ့ အကြောင်းကိုတော့ အဖေ စိတ်ပူနေမှာ စိုးရိမ်တာကြောင့် မပြောဖြစ်ခဲ့ချေ။ သူမ ရုံးသွားရန် ပြင်ဆင်နေစဉ်မှာပင် Yoon တစ်ယောက်ပြန် တက်လာကာ

"မမလေး ...... ဟိုလေ......"

"အင်း ...... ပြောလေ Yoon"

သူမ Yoon ကို မကြည့်ဘဲ အလှပြင်ရင်းနဲ့သာ မေးလိုက်၏။ ဒါပေမယ့် Yoon ဆီက စကားသံ မထွက်လာတာကြောင့် သူမ Yoon ကို လှည့်ကြည့်လိုက်မိသည်။ Yoon ကြည့်ရတာက တစ်ခုခုကို ပြောဖို့ အခက်တွေ့နေပုံ ရတာကြောင့် သူမ ကပင် စ၍

"ပြောလေ Yoon ...... ဘာပြောမှာ မို့လို့ ဒီလောက်တောင် တွန့်ဆုတ်နေတာလဲ"

"ဟိုလေ ...... အဲ့ဒါက ... မနေ့က ဟိုဖက်အိမ်က အကိုလေးက မှာသွားတယ် ...... မနက် မမလေးရုံးသွားရင် သူလိုက်ပို့ပေးမယ်တဲ့ ...... အဲ့ဒါ အခု အိမ်ရှေ့မှာ ရောက်နေတယ်"

Yoon စကားကြောင့် သူမ မျက်လုံး အစုံတို့ ဝိုင်းစက်သွားကာ ပြူတင်းပေါက် လိုက်ကာကို အသာလေး ဖယ်ကာ ကြည့်လိုက်မိသည်။ Jin က အနောက်တိုင်း ဝတ်စုံကို အကျအနဝတ်ထားကာ ကားကို မှီလျှက် စောင့်နေလေသည်။ သူမ လိုက်ကာကို ပြန်ပိတ်လိုက်ပြီး ကုတင်ပေါ် ထိုင်ချလိုက်မိသည်။ သူမမှာ ရုံးသွားစရာ ကားမရှိတာတော့ မှန်ပေမယ့် သူ့ အကူအညီကို မယူချင် ......

"Yoon သွားပြောလိုက် ...... ဒီနေ့ မမလေး နေမကောင်းလို့ ရုံးမသွားဘူးလို့"

"nae ...... မမလေး"

Yoon က သူမ စကားအတိုင်း အိမ်အောက်ဆင်းသွား၏။ သူမ လိုက်ကာနောက်ကနေ အခြေအနေကို အသာလေး စောင့်ကြည့်နေမိသည်။ ခဏကြာတော့ Yoon မျက်စိပျက်မျက်နှာပျက်ဖြင့် သူမ အခန်းထဲကို ဝင်လာကာ

"မမလေး ......မမလေးကို တွေ့ပြီးမှပဲ သွားတော့မယ်ဆိုပြီး အခု အောက်ထပ်မှာ ရောက်နေပြီ ဘယ်လိုလုပ်ရမလဲဟင်"

"arrr ...... Yoon ရယ် ဘာလို့ ခေါ်လာခဲ့ရတာလဲ"

"မခေါ်လာလို့ ကောင်းမှမကောင်းတာ မမလေးကလည်း ...... Yoon လည်း ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး"

String [Completed]Where stories live. Discover now