"ရပြီ ... မမလေး ...... Yoon ရေနွေးနွေးလေး လုပ်ပေးထားတယ်"

"အင်း ...... gomawo Yoon ahh"

သူမ ရေချိုးခန်းထဲဝင်ပြီး Yoon ရေနွေးနွေးလေး စပ်ပေးထားတဲ့ Bathtub ထဲ ဝင်စိမ်ကာ မျက်လုံးလေး အသာမှိတ်ပြီးနေလိုက်၏။ ဘာကိုမှ မကြောက်တတ်ဘဲ စိတ်ဓါတ်ခိုင်မာတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေရတာ သူမ ပင်ပန်းလှပြီ ...... သူမ စိတ်ကို ဘယ်လိုပဲပြောင်းလဲ အောင်ကြိုးစားကြည့် ပေမယ့်လည်း အခုချိန်ထိ Mr.Shin ကို ကြောက်တဲ့ စိတ်ကရှိနေသေးသည်။ အဲ့ဒီ့ကြောက် စိတ်ကို အနိုင်ယူဖို့ နည်းလမ်းက သူမ ရှေ့ဆက်တိုးရုံက လွဲပြီး အခြားဘာမှ မရှိ ...... သူတို့ကို အနိုင်ယူနိုင်မှ သူမရဲ့ ကြောက်စိတ်တွေပျောက်ကွယ် နိုင်မည်ဟူ၍လည်း သူမ ယုံကြည်ထားသည်။

Ji Na ရေချိုးပြီး ပြန်ထွက်လာတော့ Yoon က သူမ အား ဖုန်းကမ်းပေးလာရင်း

"မမလေး ...... သူဌေးဆီက ဖုန်းလာသွားတယ် ...... သူ့ကို ဖုန်းပြန်ဆက်ပါတဲ့ ...... မနေ့က အက်ဆီးဒင့် ဖြစ်တယ်ဆိုတော့ မမလေးကို စိတ်ပူလို့တဲ့"

"အဖေ က ဘယ်လိုလုပ်သိသွားရတာလဲ...... Yoon ပြောလိုက်တာလား"

"nae ...... မနေ့က မမလေး ဖုန်းကို ခေါ်မရလို့ အိမ်ဖုန်းကို ဆက်လာတာနဲ့ ပြောလိုက်မိတာ"

သူမ သက်ပြင်းချကာ Yoon လက်ထဲက ဖုန်းကို ယူလိုက်ပြီး အဖေ့ဆီသို့ ဖုန်းပြန်ခေါ်လိုက်၏။ တော်ရုံတန်ရုံ ဘာမဟုတ်တဲ့ ကိစ္စလေး အတွက် သူမ အဖေ့ကို စိတ်မပူစေချင်ပါ။ အဲ့ဒါကြောင့်လည်း အရာရာ အသေးစိတ်က အစ အဖေ့ကို ပြောမနေတော့ ......

"သမီး ...... ဘာဖြစ်သွားသေးလဲ ...... အဖေ့မှာ စိုးရိမ်သွားတာပဲ ...... အဲ့ဒါကြောင့် မို့လို့ အဖေပြောတာ ကားကို ကိုယ်တိုင် မမောင်းပါနဲ့ဆို"

"သမီး ဘာမှ မဖြစ်ပါဘူး ...... မစိုးရိမ်ပါနဲ့ အဖေရဲ့ ...... အဖေရော နေကောင်းရဲ့လား"

"အင်း ...... ကောင်းပါတယ် ...... နောက် အပတ်ထဲတောင် အဖေနဲ့ Jaung Woo ဂျပန်သွားဖို့ရှိတယ် ...... လောလောဆယ်တော့ သမီးဆီ လာနိုင်ဦးမှာ မဟုတ်ဘူး ...... သမီး အစစ အရာရာ ဂရုစိုက်နော် ...... သမီး မကြိုက်လို့သာ အဖေက အစောင့်တွေကို ပြန်ခေါ်ထားရတာ ...... အဖေ့ သဘောကတော့ သူတို့ကို သမီးနဲ့ အမြဲရှိနေစေချင်တယ် ...... အဖေတို့ ခရီးသွားနေတုန်း သူတို့ကို လာနေခိုင်းရမလား သမီး"

String [Completed]Where stories live. Discover now