သူ့စကား အဆုံးမှာ Jaung Woo ရဲ့ သြရှရှနှင့် ခြောက်ကပ်ကပ် ရယ်သံက အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။ အားရပါးရ ဟားတိုက်ကာ ရယ်မောနေသော Jaung Woo ကို Mr.Shin ဒေါသမီး တောက်လောင်နေတဲ့ မျက်ဝန်းအစုံတို့ဖြင့် ကြည့်မိ၏။
"ကောင်းပြီလေ ခင်ဗျားပြောတဲ့ အတိုင်း စမ်းသပ်ကြတာပေါ့ …… အဲ့ဒီ့အတွက် ဘယ်သူက ဆုံးရှုံးနစ်နာမှုကြီးမလဲ ဆိုတာတော့ ခင်ဗျား အသိဆုံးဖြစ်မှာပါ …… ခင်ဗျားမှာ ဇနီးချောလေးနဲ့ သမီးချောလေး တစ်ယောက်လည်း ရှိသေးတယ်နော်"
"မင်း ……!!!"
Mr.Shin ရဲ့ လက်သီးက Gan Jaung Woo ၏ မျက်နှာထက်သို့ ကျရောက် သွားလေသည်။ Jaung Woo ယိုင်သွားတဲ့ ကိုယ်ကို ပြန်မတ်ကာ ခပ်ထေ့ထေ့ပြုံးလျှက် သူ့နှုတ်ခမ်းနားက သွေးစကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ရင်း
"ဒီနေ့အတွက် အကြွေးမှတ်ထားလိုက်မယ် …… နောက်မှတွေ့တာပေါ့ …… သွားလိုက်ဦးမယ် ဥက္ကဋ္ဌကြီး …… အေးအေးဆေးဆေး နေရစ်ခဲ့ပါ"
Jaung Woo ကိုယ်ကို 90° ချိုးကာ အရိုအသေပြုပြီး ပြန်ထွက်လာခဲ့၏။ သူ တမင် Mr.Shin ရဲ့ ဒေါသကို ဆွချင်လို့ လာခဲ့တာ အခုတော့ အောင်မြင်သွားပြီလေ။ သူ Company ထဲက အထွက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားကာ အကြီးအကျယ် ထိတ်လန့်သွားမိသည်။ သူ မြင်လိုက်ရတာက Company အဝမှ နှစ်ယောက်တွဲပြီး ဝင်လာတဲ့ Park Jin တဖြစ်လဲ Kim Seokjin ဆိုတဲ့ကောင်လေးနှင့် Mr.Shin ရဲ့ သမီး Shin Hyeri ပင် ……
**andwe ဒီလိုဖြစ်လို့မရဘူး …… ကောင်လေး ဒါက မင်းရွေးချယ်ရမယ့်လူ မဟုတ်ဘူး***
xxxxxxxxxxxxxxxxxxxxxxxx
Taehyung သူတို့ရဲ့ ခေါင်မိုးထပ်အခန်းလေးရှိရာ ဆီသို့ လေလေး ချွန်ကာ တက်လာခဲ့တော့ အခန်းအပြင်ဖက် ဝရံတာမှာ ကောင်းကင်ကြီးကို မော့ကြည့်လျှက်ထိုင်နေတဲ့ Chal Lin ကို တွေ့လိုက်ရ၏။ သူ့ခြေသံကြောင့် Chal Lin က သူ့ဖက်ကို ခေါင်းငဲ့ကြည့်လာလေသည်။ Taehyung သူမ ဘေးနားဝင်ထိုင်ကာ သူမ ပေါင်ပေါ်လှဲချလိုက်ရင်း
"wae??? မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လာလို့လဲ"
"arni …… ဘာမှ မဖြစ်ဘူး ……"
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)