"ဒါဆို Ji Na က အဲ့ဒီ့ အခန်းထဲမှာ တစ်ညလုံးရှိနေခဲ့တာလား"

"အင်း ...... ဟုတ်တယ်"

"အဲ့ဒါကို နင်က ဘာလို့ သွားပြောတာလဲ ...... သူတို့ကြားထဲ အခြားလူမသိစေချင်တဲ့ ကိစ္စရှိနေရင် ဘယ်လိုလုပ်မလဲ ...... ဒါပေမယ့် အဲ့ဒါလည်း မဖြစ်နိုင်ပြန်ဘူး ...... သူဌေးက သူ့ချစ်သူကို အရမ်းချစ်တာ ...... နင် ပြောသလောက်ဆို သူဌေးရဲ့ ချစ်သူ ဆုံးပြီး ကာစ အချိန်ပဲရှိဦးမှာ ...... ပြီးတော့ Ji Na ကလည်း ကိုယ်ကျင့်တရား မကောင်းတဲ့ မိန်းကလေးမျိုး မဟုတ်ဘူး ...... နင် မြင်တာ Ji Na ဆိုတာရော သေချာလို့လားဟာ"

"arrr ... သေချာပါတယ်ဆို ...... အဲ့ဒီ့တုန်းက Ji Na လည်း အရမ်းငိုနေခဲ့တာ ...... ငါတို့ Hotel ကို တစ်ခုခု အမှုပတ်လာမှာ စိုးရိမ်မိလိုက်သေးတယ်"

"နင် တွေ့တာ Ji Na သေချာရင်တော့ ထူးဆန်းတယ် ...... ငါ သိထားတာက Ji Na က ဟိုမှာပဲ တောက်လျှောက်နေလာတဲ့ သူလေ ...... အခုတခါ ပြန်လာတာတောင် ပထမဦးဆုံး အကြိမ်ပြန်လာတာ"

"အင်း ...... တစ်ခုခုတော့လွဲနေပြီ ထင်တယ် ...... ငါ မပြောမိရင် အကောင်းသား"

Taehyung မျက်နှာငယ်လေးနှင့် ပြောလာတော့ Chal Lin က သူ့ကို မျက်စောင်းထိုးကြည့်ကာ

"လုပ်ပြီ Kim Taehyung ကတော့ ...... ဘာကို အခုမှ မပြောလိုက်ရင် ကောင်းသား ဖြစ်နေတာလဲ ...... အခုမှတော့ ပြင်လို့မရတော့ဘူး ...... ဒီ့ထက်ပို မပြောမိအောင် နေဖို့ပဲရှိတယ် ...... နင် ကလေ တော်တော်ကို ပြဿနာရှာတယ်"

"အေးဟာ ...... ငါလည်း အရင်ကတည်းက စဉ်းစားနေတာပေါ်လာလို့ လွှတ်ကနဲ ပြောလိုက်မိတာ ...... သူတို့ကြားမှာ အကြောင်းတစ်ခုခုတော့ ရှိမယ် ထင်တယ်နော်"

"အင်း ...... မပြောတတ်ပါဘူး ... သူတို့ အကြောင်းပဲကို ...... ပြဿနာ အကြီးကြီးတော့ မဖြစ်လောက်ပါဘူး ...... အခု သူတို့ကို ကြည့်ရတာ အဆင်ပြေနေတာပဲ"

"အင်း ...... ထားလိုက်ပါတော့ ...... ငါတို့လည်း ပြန်ကြရအောင်လေ ...... "

"ဟင့်အင်း မပြန်ချင်သေးဘူး ...... ဟန် မြစ်ကမ်းဖက်သွားပြီး လမ်းသွားလျှောက်ရအောင်လေ ...... လိုက်ပို့မယ် မဟုတ်လား ...... "

"နင် ဖြစ်ချင်တာဆို ငါ ဘယ်တုန်းက ငြင်းဖူးလို့လဲ"

"သိပါတယ် ...... အဲ့ဒါကြောင့်လည်း ချစ်နေရတာ"

သူမ စကားကြောင့် Taehyung နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူမ ဘယ်လိုအကြောင်းကြောင့်ပဲ "ချစ်တယ်" လို့ ပြောပြော သူမဆီက အခုလို စကားလေးကြားရတာ သူ့အတွက် မရိုးနိုင်တဲ့ တေးသွားကဗျာတစ်ပုဒ်လိုပင် ...... Taehyung မတ်တပ်ရပ်ကာ လက်ကမ်းပေးလိုက်ပေမယ့် သူမက သူ့လက်ကို မတွဲဘဲ လက်မောင်းကို ချိတ်လိုက်လေသည်။ သူလည်း သူ့လက်ကို ချိတ်ထားတဲ့ သူမ လက်လေးကို အုပ်မိုးကာ ကိုင်ရင်း ...... ဟန်မြစ်ကမ်း ဘက်ဆီသို့ ထွက်ခဲ့၏။ ညနေခင်းရဲ့ အလင်းရောင် ပြပြလေးအောက်မှာ ချစ်သူနှစ်ဦးရဲ့ အပြုံးတွေက ကြယ်ပွင့်လေးများ သဖွယ် လင်းလက်တောက်ပလို့ နေလေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Jin ...... Ji Na အိမ်ရှေ့မှာ ကားရပ်ပြီး သူမ ဘက်ကို လှည့်ကြည့်လိုက်တော့ သူမက သူ့ဖက်ကို မျက်နှာလှည့်ကာ အိပ်ပျော်နေလေသည်။Jin သူမ ပုခုံးလေးကို အသာလေးလှုပ်နှိုးလိုက်၏။

"Ji Na ...... Ji Na shi"

သူမ က မျက်လုံးလေး ပွင့်လာကာ ဘေးဘီကိုကြည့်ရင်း

"အင်းးး ...... အိမ်ရောက်နေပြီပဲ ...... တောင်းပန်ပါတယ် Jin ...... ကျွန်မ မှေးခနဲ အိပ်ပျော်သွားမိတယ်"

"ရပါတယ် ...... Ji Na ခေါင်းမူးနေတာရော သက်သာရဲ့လား"

"သက်သာသွားပါပြီ"

"အိမ်ရောက်ရင်တော့ Ji Na ...... နားနားနေနေ လေးနေလိုက်ဦးနော်"

"nae gomawo Jin ...... ကောင်းသောညပါ"

သူမက သူ့ကို နှုတ်ဆက်ကာ အိမ်ထဲဝင်သွားလေသည်။ Jin သူမ နောက်ကျောကိုကြည့်ကာ သက်ပြင်းဖွဖွ ချလျှက် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။

"မင်း ဘယ်သူလဲ ...... Choi Ji Na"

xxxxxxxxxxxx

to be continued

String [Completed]Where stories live. Discover now