"ဟင် ...... Ji Na နဲ့ Jin hyung က အစကတည်းက ချစ်သူတွေ မဟုတ်ဘူးပေါ့"

ရုတ်တရက် ထပြောလိုက်တဲ့ Taehyung စကားကြောင့် စကားဝိုင်းလေး တိတ်ဆိတ်သွားကာ Taehyung အကြည့်တွေ အားလုံး Taehyung ဆီသို့ရောက်သွားလေသည်။

"mianae ...... ကျွန်တော် အလုပ်လုပ်တဲ့ hotel မှာ တစ်ခါတွေ့လိုက်လို့ ...... ကျွန်တော်က နှစ်ယောက်ကို ချစ်သူတွေ ထင်နေတာ ...အဲ့ဒီ့တုန်းက ချစ်သူတွေ တစ်ခုခုပြဿနာ တက်နေတယ်တောင် ထင်မိသေးတယ်"

"ဘယ်တုန်းကလဲ Taehyung"

Hotel ဆိုသော စကားကြောင့် Jin ...... Taehyung ကို အသည်းအသန် မေးလိုက်မိသည်။ Taehyung ပြန်မဖြေ ခင်မှာပင် Ji Na လက်ထဲမှ ဖန်ခွက် ကျကွဲကာ ရေတွေလဲ သူမ ပေါ်သို့ ဖိတ်စင် ကုန်လေသည်။

"Ji Na shi ...... အဆင်ပြေရဲ့လား"

Jin သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါလေး ထုတ်ကာ သူမကို ကမ်းပေးရင်း စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်မိသည်။

"Ji Na ...... ဘာဖြစ်တာလဲ နင် အဆင်ပြေရဲ့လား"

Chal Lin ကလည်း စိုးရိမ်ပူပန်စွာဖြင့် မေးလာလေသည်။

"အင်း ...... ခေါင်းမူးသွားတာ ...... အခုတလော အလုပ်တွေများနေလို့ ည ဖက်အိပ်တာ နောက်ကျလို့ထင်တယ် ...... တောင်းပန်ပါတယ် Chal Lin ...... ငါ ဒီနေ့တော့ အိမ်ပြန်မှ ဖြစ်မယ်ထင်တယ် ...... နောက်မှ တွေ့ကြတာပေါ့"

"အေး ...... အေး ...... ရပါတယ် ...... ဖုန်းနံပါတ်လည်း ရှိနေတာပဲ ...... ဒါနဲ့ နင် ဘယ်လိုပြန်မှာလဲ တစ်ယောက်တည်း ဖြစ်ရဲ့လား ...... ငါ လိုက်ခဲ့ပေးမယ်လေ"

"နေ ...... နေ ...... Chal Lin ...... ကျွန်တော်လည်း အိမ်ပြန်မှာပဲ ...... ကျွန်တော် လိုက်ပို့ပေးလိုက်မယ်"

"gomawo Jin"

Jin နှင့် Ji Na ထွက်သွားပြီးမှ Chal Lin ...... Taehyung ဘက်သို့လှည့်ကာ

"ခုနက ဘာတွေပြောလိုက်တာလဲ Taehyung ......"

"ငါ ဘာပြောလို့လဲ ...... ငါ မြင်ခဲ့တာ ကို ပြောတာလေ"

"Ji Na က ...... ဟိုမှာနေတာကြာပြီလေ ...... နင် တွေ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"aww ...... နင်ကလည်း Ji Na သေချာပါတယ်ဆို ...... အဲ့ဒီ့နေ့က Jin hyung အရမ်းမူးနေတာကို Ji Na က ခေါ်လာပေးတာ ...... ငါတောင် ကူတွဲပေးရသေးတယ် ...... မနက်ကျတော့ Ji Na က အရင်ဆင်းလာပြီး တစ်နေရာမှာ ပုန်းပြီး Jin hyung ပြန်သွားတဲ့ အထိစောင့်ပြီးကြည့်နေတာ ...... သနားပါတယ် ...... အဲ့ဒီ့ အချိန်မှာ Jin hyung ကလည်း သူ့ကို အသည်းအသန် လိုက်ရှာနေတာ ...... Ji Na က လုံးဝ ထွက်မတွေ့ဘူး...... အဲ့ဒီ့တုန်းက Jin hyung ပြန်သွားတဲ့ မျက်နှာကို အခုချိန်ထိ ငါမှတ်မိနေတုန်းပဲ"

String [Completed]Where stories live. Discover now