"ကြည့်ပါဦး ပြန်ရောက်ကတည်းက မတွေ့ဖြစ်ကြတာ ...... ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်"
"အင်း ...... မအားတာနဲ့ပဲ ...... Ji Na ဒီနေ့ အချိန်ရတယ် မဟုတ်လား ...... တစ်နေရာရာ သွားပြီး စကားပြောကြတာပေါ့"
"ကောင်းသားပဲ ...... သွားရအောင် ...... "
သို့နှင့် Ji Na ......Chal Lin ...... Taehyung သုံးယောက်သား coffee ဆိုင် ထိုင်ဖြစ်လေသည်။ မိန်းကလေးနှစ်ယောက် ပြန်တွေ့ကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေတဲ့ စကားဝိုင်းမှာ သီးသန့်ဖြစ်လို့နေပေမယ့် Taehyung အာရုံတွေကို Chal Lin ရဲ့ သူငယ်ချင်းမလေး Ji Na က ဖမ်းစားလို့နေလေသည်။ ရင်းရင်းနှီးနှီး မြင်ဖူးနေတဲ့ မျက်နှာလို့ ခံစားမိပေမယ့် ဘယ်မှာ မြင်ဖူးမှန်းစဉ်းစားလို့ ဘယ်လိုမှ ထွက်မလာချေ ......
"Chal Lin???"
သူတို့ ဝိုင်းဘေးနား လာရပ်ကာ ခေါ်လိုက်တဲ့ အသံကြောင့် သုံးယောက်လုံး ပြိုင်တူ အသံပိုင်ရှင်ကို မော့ကြည့်ဖြစ်သွားသည်။
"ဟင် ...... သူဌေး"
Jin ... Chal Lin ကို နှုတ်ဆက်ရင်း Ji Na ကိုတွေ့လိုက်ရတာကြောင့် အ့ံသြသွားရသည်။
"Chal Lin နဲ့ Ji Na က အသိတွေလား"
"ဟုတ်တယ် ...... သူဌေး ...... ကျွန်မ ဟိုမှာ ကျောင်းတက်တုန်းက Ji Na က ကျွန်မ အခန်းဖော်လေ ...... ဒါနဲ့ သူဌေး ကရော Ji Na ကို ဘယ်လိုလုပ် သိနေတာလဲ"
"Ji Na က ကျွန်တော်တို့ အိမ်ဘေးနားကို ပြောင်းလာတာ"
"aww ...... တိုက်ဆိုင်တာပဲ ...... သူဌေး အခြားချိန်းထားတာ မရှိရင် ကျွန်မတို့ ဝိုင်းမှာ လာထိုင်ပါလား"
"နေပါစေ Chal Lin တို့ အတွက် အနှောင့် အယှက်ဖြစ်နေဦးမယ်"
"လာထိုင်ပါ hyung ...... ကျွန်တော်လည်း အဖော်ရတာပေါ့"
Chal Lin ရဲ့ ကောင်လေး ကလည်း ခေါ်နေတာကြောင့် Jin ...... Ji Na ဘေးက လွတ်နေတဲ့ ခုံမှာဝင်ထိုင်လိုက်၏။ Jin ရောက် လာတော့ သူတို့ စကားဝိုင်းလေး ပိုစည်သွားလေသည်။
"Ji Na က ဒါဆို ကျွန်တော့ကို အစကတည်းက သိနေတာပေါ့"
"အဲ့လိုတော့ မဟုတ်ဘူး ...... Chal Lin ပြောပြလို့ နာမည်ကို သိနေတာကြာပြီ လူကိုတော့ အခုမှ နာမည်နဲ့ တွဲမိတာ ......Jin ကို တွေ့တုန်းကလည်း နာမည်တူပေမယ့် Chal Lin ပြောတဲ့ သူဌေးဆိုတာမှန်း မစဉ်းစားမိဘူး"
String (Part 24)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)