"ငါ့ ရင်ခုန်သံတွေကိုခံစားမိလား ...... ဒီရင်ခုန်သံအားလုံးကို နင်ပိုင်တယ် ......"

သူမရဲ့ လက်ဖဝါးလေးဆီသို့ တိုးနေတဲ့ သူ့ရဲ့ ရင်ခုန်သံတွေက သူ့စကားမှန်ကန်ကြောင်း ထောက်ခံလို့နေသလိုပင် ......

"ငါ ကြားချင်တဲ့ စကားလေး မပြောတော့ဘူးလား"

Jimin ဘာကို ဆိုလိုချင်မှန်း သူမ နားလည်လိုက်သည်။ အခုချိန်ထိ သူမ သူ့ကို "ချစ်တယ်" လို့ မပြောရသေး ...... သူမ ဘက်က သဘောထားကို သူကြိုသိနေတာကြောင့်ရော ...... ပြောဖို့ ရှက်နေမိတာကြောင့်ပါ ...... သူမ သူ့ကို မပြောဖြစ်ခဲ့ .........

"Hae Yoon yarrr ...... မပြောတော့ဘူးလား ...... ဟင်"

သူက ငုံ့ထားတဲ့ သူမ မျက်နှာကို အတင်းလိုက်ကြည့်ကာ မေးနေလေတော့သည်။

"ချစ်တယ်"

သူမ တိုးတိုးလေးပြောပြီး မျက်နှာကို လက်နှစ်ဖက်ယှက်ကာ အုပ်ထားလိုက်၏။ သူ့ရဲ့ အပြုအမူ တွေကြောင့် သူမ ရင်ခုန်သံတွေ ထိန်းမရအောင် ဆူညံနေကာ မျက်နှာလည်း ပူလို့နေပြီ။

"ဟင် ...... ဘာပြောလိုက်တာလဲ မကြားရဘူး"

Jimin တမင် ညစ်ကာ ပြန်မေးတော့ သူမ နှုတ်ခမ်းလေးထော်ကာ ရန်တွေ့တော့သည်။

"ashi !!!! တော်ပြီဟာ ...... မသိတော့ဘူး ......... နင် ဆက်မေးရင် ငါ ဒီည မစောင့်ပေးတော့ဘဲ နေမှာနော်"

"အေးပါ ...... အေးပါ ...... မမေးတော့ဘူး ...... အခု ညစာစားကြမယ်လေ ...... ငါ ဗိုက်ဆာပြီ ... မြန်မြန်"

"Park Jimin ဆေးရုံတက်ရတာ တော်တော်ပျော်နေတယ်ထင်တယ်...... ဟွန့်"

သူမက နှုတ်ခမ်းလေးတွန့်ကာ သူ့ကို မျက်စောင်းထိုးလျှက် ပွစိပွစိပြောရင်း ညစာ အတွက်ထပြင်ပေးလေသည်။ Jimin သူ့အတွက် ထမင်းပွဲပြင်ပေးနေတဲ့ သူ့ရဲ့ အိမ်ရှင်မလောင်လျာ လေးကို ကြည့်ကောင်းကောင်းဖြင့် တစ်စိမ့်စိမ့်ကြည့်ကာ အတွေးကမ႓္ဘာထဲနစ်မြောနေလေရဲ့ .........

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Ji Na"

ကုန်တိုက်မှာ လျှောက်ကြည့်နေစဉ် သူမ အနောက်ဖက်ဆီမှ ခေါ်သံကြောင့် Ji Na ကြည့်မိတော့ Chal Lin ဖြစ်နေလေသည်။ Chal Lin ဘေးမှာ လေဆိပ်မှာ Chal Lin ကိို လာကြိုတဲ့ ကောင်လေးလည်း အတူပါလာလေသည်။ Ji Na ...... Chal Lin ကို ပြုံးကာ နှုတ်ဆက်ရင်း

String [Completed]Where stories live. Discover now