"ဘာမှ မဟုတ်ပါဘူး အမေ ...... အမေ ဘာပြောစရာရှိလို့လဲ"
"သား Ji Na ကို ဘယ်လိုသဘောရလဲ"
Jin အမေ့ကို အံ့အားသင့်စွာကြည့်လိုက်မိသည်။
"အမေကတော့ အဲ့ဒီ့ကလေးမလေးကို သဘောကျမိတယ် ...... သား အတွက်လည်း သင့်တော်မယ်လို့ ထင်တယ် ......"
"ကျွန်တော် အဲ့ဒါတွေ မစဉ်းစားချင်သေးဘူး အမေ ......"
သူ့ရဲ့ ခပ်ပြတ်ပြတ်စကားသံကြောင့် အမေ့ မျက်နှာ ညှိုးသွားကာ
"ဒါက သား သဘောပါ ...... အမေ အတင်းကြီး မတိုက်တွန်းပါဘူး ......အမေဖြစ်ချင်တဲ့ ဆန္ဒကို ဒီအတိုင်းပဲ ပြောတာ ...... သား ပင်ပန်းနေရင် နားတော့လေ အရင်ရက်တွေကလည်း ဆေးရုံစောင့်ပေးရလို့ အိပ်ရေးပျက်ထားသေးတယ် မဟုတ်လား"
"ဟုတ်ကဲ့ အမေ ဒါဆို သား သွားနားတော့မယ်နော်"
Jin အမေ့ရှေ့မှ ထလာခဲ့တော့ အမေ့ဆီက သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရ၏။ အမေ သူ့အတွက် စိတ်ပူမယ် ဆိုတာ သူ သိပါတယ် ...... ဒါပေမယ့် သူ အခုချိန်အထိ Soon Young ကို မေ့လို့မရသေး ...... Jin ကုတင်ပေါ်မှာ ထိုင်ရင်း သူ့ကုတင်ဘေးမှာ ထောင်ထားတဲ့ Soon Young ဓါတ်ပုံလေးကို ယူကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ဒီရက်ပိုင်း ကိုယ်ဘာတွေဖြစ်နေလဲ ဆိုတာ ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့ဘူး ......"
Jin ညီးတွားရင်း ဓါတ်ပုံလေးကို ခပ်ဖွဖွလေးနမ်းကာ နေရာမှာ ပြန်ထားလိုက်ပြီး စိတ်ရှုပ်စရာတွေကို ခဏမေ့လျှက် တနေ့တာ အတွက် အိပ်စက်အနားယူလိုက်တော့သည်။
xxxxxxxxxxxxxxxxxxxxxxxx
ညနေဖက်ရောက်တော့ Hae Yoon တစ်ယောက် အထုပ်တွေ မနိုင်မနင်းဆွဲကာ Jimin ရှိရာအခန်းသို့ ရောက်လာလေသည်။
"နောက်ကျလိုက်တာ...... ဒီမှာ ငါ တစ်ယောက်တည်း ပျင်းလို့သေတော့မယ်'
သူ့ရဲ့ ညီးတွားသံကို Hae Yoon တစ်ချက်ရယ်လျှက် သူမ ယူလာတဲ့ အထုပ်တွေထဲက ပစ္စည်းတွေ နေရာတကျ ဖြစ်အောင်ထားပြီး သူ့ဘေးနားက ခုံလေးမှာ ဝင်ထိုင်ကာ
"အမေလေ မနက်ဖြန်ပဲ ဆေးရုံက ဆင်းတော့မှာကို စားစရာတွေ လုပ်ပေးလိုက်တာ နည်းတာ မဟုတ်ဘူး ...... Jin oppa ပါ စားရအောင်တဲ့ ...... အဲ့ဒါတွေ စောင့်နေတာနဲ့ နောက်ကျသွားတာ ...... ဒါနဲ့ Jin oppa ရော နောက်ကျနေတာလား"
String (Part 24)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)