"သား ဘာတွေငေးနေတာလဲ ထည့်စားလေ"

တစ်ယောက်တည်း စဉ်းစားခန်းဖွင့်ပြီး ငိုင်တိုင်တိုင်ဖြစ်နေတဲ့ သူ့ကို အမေက လက်တို့လျှက် ဟင်းထည့်ပေးလေသည်။ သူ Ji Na ဘက်ကို ကြည့်လိုက်တော့ Ji Na က သူ့တို့သားမိကိုအားကျဟန်ဖြင့် ပြုံး၍ ကြည့်နေလေသည်။ Jin လည်း တခြားဘာမှ ထပ်မတွေးတော့ဘဲ ထမင်းကိုသာ အာရုံစိုက်စားနေလိုက်၏။ ညနေစာ စားပြီး Ji Na ပြန်မယ် ဆိုတော့ အမေက Ji Na ကို အိမ်ရှေ့အထိ လိုက်ပို့ခိုင်းတာကြောင့် Ji Na နှင့် အတူ လမ်းလျှောက်ပြီး ထွက်ခဲ့၏။

"Jin က ကျွန်မကို တွေ့ရတာ စိတ်ကသိကအောက် ဖြစ်လို့လားဟင်"

သူတို့နှစ်ယောက်ကြား တိတ်ဆိတ်နေတဲ့ လေထုကို ဖြိုခွင်းကာ မေးလိုက်တဲ့ Ji Na စကားကြောင့် Jin သူမကို ကြည့်လိုက်မိသည်။ သူမက သူ့ကို ပြုံးလျှက်ကြည့်ကာ

"ထမင်းဝိုင်းမှာ တုန်းက ငြိမ်နေလို့...... ကျွန်မကြောင့် Jin နေရခက်နေ သလားလို့"

"အဲ့လိုမဟုတ်ပါဘူး ကျွန်တော် အခြားအကြောင်းအရာ စဉ်းစားမိသွားလို့ပါ"

"တော်သေးတာပေါ့ ...... ကျွန်မကြောင့် Jin စိတ်အနှောင့် အယှက်များ ဖြစ်သွားမှာ စိုးရိမ်နေတာ"

သူမ စကားကို Jin ခပ်ရေးရေးလေးပြုံးကာ တုံ့ပြန်လိုက်သည်။ သူမ အိမ်ရှေ့ရောက်တော့ Jin သူမကို နှုတ်ဆက်ကာ အိမ်ဘက်သို့ ပြန်လာခဲ့၏။ အိမ်ရောက်တာနှင့် Jin ဧည့်ခန်းထဲက ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ကာ ဆိုဖာနောက်ကျော ကိုခေါင်းတင်ပြီး မျက်လုံးမှိတ်ထားလိုက်မိသည်။ သူ့ နှလုံးခုန်သံတွေကတော့ တဒိတ်ဒိတ်မြန်လို့နေဆဲ ...... ခုနက Ji Na ကို လိုက်ပို့တော့ လေအဝှေ့မှာ သူမ ဆီကနေရလာတဲ့ ရေမွှေးနံ့ ...... ဒီအနံ့လေးက Soon Young ရဲ့ ကိုယ်ပိုင် ရနံ့လို့ ပြောရလောက်အောင် သူနှင့် ရင်းနှီးကျွမ်းဝင် နေကျရနံ့လေး ......

**arni ...... ရေမွှေး အမျိုးအစား တူတာပဲ ဖြစ်မှာပါ**

"သား ဘာဖြစ်လာတာလဲ"

သူ့ ပခုံးကို လှုပ်ကာ မေးလိုက်တဲ့ အမေကြောင့် Jin မျက်လုံးဖွင့်ကာ မတ်မတ်ပြန်ထိုင်လိုက်၏။

String [Completed]Where stories live. Discover now