"မမလေး …… ဘာဖြစ်လာတာလဲ"
ဘယ်အချိန်က သူမ အနားရောက်နေမှန်း မသိတဲ့ Yoon က သူမ ပခုံးကို ကိုင်လှုပ်ကာ မေးလာတော့ သူမ Yoon ကို အလန့်တကြား ကြည့်လိုက်မိသည်။ Yoon ကတော့ သူမကို စိုးရိမ်တဲ့ မျက်ဝန်းလေးနှင့် ကြည့်ကာ
"မမလေး …… မမလေး …… ဘာဖြစ်လာတာလဲ"
"ar … …arni …… ဘာမှမဖြစ်ပါဘူး …… Yoon ရဲ့"
"ဘာမှမဖြစ်ဘူးသာ ဆိုတယ် …… မမလေး လက်ဖျားတွေ အေးစက်နေတာပဲ"
"မမ…… တကယ် ဘာမှမဖြစ်ပါဘူး …… အိမ်ထဲမှာ အဖေရှိတယ် မဟုတ်လား …… Yoon"
"nae ရှိတယ်"
"လာ အိမ်ထဲ သွားကြရအောင်"
Yoon နှင့်အတူ အိမ်ထဲဝင်ခဲ့ပြီး …… Ji Na သူမ အဖေရဲ့ စာကြည့်ခန်းရှိရာသို့ တက်ခဲ့၏။ သူမကို မြင်တော့ အဖေက
"သမီး …… ဘယ်တွေ သွားနေတာလဲ"
"အဖေ …… သိနေတာလား …… ဟိုဖက်အိမ်က Jin ရဲ့ အိမ်ဆိုတာ"
သူမ အမေးကြောင့် အဖေက မျက်ခုံးပင့်ကာ ကြည့်လိုက်ရင်း ပြုံးကာ
"ဟုတ်တယ် သမီး …… အဖေ တမင် ဒီနားကို ရွေးဝယ်လိုက်တာ"
"အဖေ !! …… ဘယ်လို လုပ်လိုက်တာလဲ …… သမီးကို Soon Young မှန်း သိသွားရင် ဘယ်လိုလုပ်မလဲ"
"သမီးရော သူ့ကိုပါ မခံစားစေချင်လို့ပါ …… ချစ်လျက်နဲ့ ဝေးကွာနေရတဲ့ ခံစားချက်က ဘယ််လောက် ဆိုးရွားလဲ ဆိုတာ အဖေကိုယ်တွေ့ပါ …… သမီးကို နောက်မှ နောင်တရ မနေစေချင်ဘူး …… သမီး နိုင်ငံခြားမှာ ရှိနေတုန်းက သူနဲ့အဖေ သုံးလေးခါလောက် တွေ့ဖြစ်တယ် …… သူ သမီး အတွက် အရမ်းခံစားနေရတယ် …… အဖေလည်း သူ့ကို လိမ်ထားရတာ စိတ်ထဲမကောင်းဘူး …… အဲ့ဒါကြောင့် သမီးတို့ ဆုံဖြစ်အောင် အဖေ အခုလိုလုပ်လိုက်တာ"
"ဒါပေမယ့် သူ ထိခိုက်သွားမှာ သူ့အတွက် အန္တရာယ်ရှိလာမှာ သမီး စိုးရိမ်တယ် …… ပြီးတော့ သမီးက Soon Young ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မသိစေချင်ဘူး …… သမီး Soon Young ပြန်မဖြစ်ချင်ဘူး"
"မဖြစ်ရပါဘူး သမီးရယ် …… Ji Na အနေနဲ့ပဲ သူ့ရင်ထဲက ဒါဏ်ရာတွေကို ဖြေးဖြေချင်း ဖျောက်ပေးရင် ရတာပဲ ……"
"သမီး ယုံကြည်ချက်မရှိဘူး …… တနေ့နေ့ သူ သိသွားမှာကို ကြောက်တယ် …… အဲ့ဒီ့အချိန်ကျရင် သူ့ခံစားချက်တွေကို ပြက်ရယ်ပြုတယ်လို့ ထင်ပြီး စိတ်ဆိုးသွားမလားပဲ"
"သူ သမီးကို နားလည်ပေးမှာပါ …… သူက သမီးကို အခုမှ ချစ်တဲ့သူမှ မဟုတ်တာ"
Ji Na သက်ပြင်းလေးချလိုက်မိသည်။ သေချာတာတစ်ခုက သူမ သူ့နားမှာ လိမ်ညာပြီးနေဖို့ ဘယ်လိုမှ အင်အားမရှိတာ အမှန်ပင် ………
xxxxxxxxxxxx
to be continued
String (Part 21)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)