"ဘာလို့လဲ သမီးရဲ့ ခဏနေသွားပါဦး"
"မဟုတ်ဘူး အန်တီ အရေးကြီးလို့ပါ …… သမီးကို သွားခွင့်ပြုပါဦးနော်"
"အင်း …… အဲ့ဒါဆိုလည်း ဖြေးဖြေးသွားနော် သမီး"
"nae"
Mrs.Park လောလော လောလော နှင့်ပြန်သွားတဲ့ Ji Na ကိုကြည့်ကာ သူ့သားဘက်ပြန်လှည့်ပြီး တစ်ချက်မျက်မှောက် ကုပ်ကြည့်လိုက်ရင်း
"သားကြီး …… မင်း သူ့ကို ဘာလုပ်လိုက်မိသေးလဲ"
"အာာ …… မ ……မဟုတ်တာ အမေကလည်း ကျွန်တော် ဘာမှမလုပ်ပါဘူး"
"မသိပါဘူး ……ဒီကောင်မလေး ချက်ခြင်းပြန်သွားတာ ထူးဆန်းနေသလိုပဲ မို့လို့ …… ကြည့်ရတာ သား ရှိနေတော့ သူ နေရထိုင်ရခက်လို့နဲ့ တူတယ်"
"သူက…… ဘယ်သူလဲဟင် ……အမေ"
"aww …… ဟိုဖက် အိမ်က …… နာမည်က Choi Ji Na တဲ့ …… ဒီကို ပြောင်းလာတာ သိပ်မကြာသေးဘူး …… အရင်က နိုင်ငံခြားမှာနေတာ…… ကောင်မလေးကြည့်ရတာ ထက်ထက်မြက်မြက်လေးပဲ …… အမေလည်း တစ်ယောက်တည်း ပျင်းနေတာနဲ့ ဆိုတော့ သူ့ကို အလည်ခေါ်ထားတာ …… ညနေစာကျွေးပြီးမှတောင် ပြန်လွှတ်မလို့ … အင်းလေ …… သူလည်း အားနာမှာပေါ့ …… နောက်ကြုံမှပဲ တစ်ရက်လောက် ညစာ စားဖို့ ဖိတ်ရမယ်"
အမေက ပြောပြီး သူယူလာတဲ့ မုန့်ဗန်းကို ယူကာ အိမ်ထဲဝင်သွား၏။ ပန်းခြံငယ်လေးရဲ့ ဒါန်းပေါ်မှာ ငူငူ ငိုင်ငိုင်နှင့် ကျန်ခဲ့တာ ကတော့ Jin …… သူမကို စတွေ့ကတည်းက Soon Young နဲ့တူတယ် လို့ ခံစားနေမိတာကို အံ့သြနေမိသည်။ ခုနက သူဖက်လိုက်မိတုန်းကလည်း သူမ ဆီကနေ Soon Young ရဲ့ အငွေ့အသက်တွေ ခံစားနေရသလိုပင် …… Jin စိတ်ရှုပ်လှတာကြောင့် နက်ခ်တိုင်ကို လျော့ချကာ ရှပ်အကျင်္ီကိုကြယ်သီး နှစ်လုံးလောက် ဖြုတ်ပြီး ဒါန်းပေါ်ခေါင်းမှီကာ မှေးနေလိုက်မိသည်။
**Choi Ji Na …… မင်း ဘယ်သူလဲ …… ကိုယ့်ကို ဘာလို့ စိတ်အနှောင့်အယှက်တွေ ပေးနေတာလဲကွာ**
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
Ji Na ခြံတံခါးကို ပိတ်ပြီး တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘတ်ကို ဖိကာ တံခါးနားမှာပင် ငုတ်တုတ်ထိုင်ချလိုက်မိသည်။ သူ့အိမ်မှန်း မသိခဲ့တဲ့ သူမကိုယ် သူမလည်း အပြစ်တင်နေမိ၏။
String (Part 21)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)