ရုတ်တရက် နောက်ကနေ သူမ ပခုံးကို သိုင်းဖက်လိုက်တဲ့ လက်တစ်စုံကြောင့် Ji Na လန့်သွားကာ ဖယ်ချဖို့ကြိုးစားနေစဉ်မှာပင် သူမ ပခုံးပေါ်က ပူနွေးစိုစွတ်မှု အချို့နှင့် အဖျားခတ်တုန်ယင်နေတဲ့ သူ့အသံကြာင် ့ သူမ လှုပ်ရှားနေသမျှ အားလုံးရပ်တန့်သွားရသည်။

"တောင်းပန်ပါတယ် …… ကိုယ့်ကို ထပ်ပြီးခွဲမသွားပါနဲ့ Soon ရယ် …… ကိုယ် ရူးသွားလိမ့်မယ် …… ကိုယ့်ကို ထပ်ပြီးခွဲမသွားပါနဲ့နော်"

Soon ဆိုတဲ့ နာမည်ကို တတွတ်တွတ်ရွတ်ကာ တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ သူ့လက်ကနေ ရုန်းထွက်ရမယ်လို့ ဦးနှောက်က သတိပေးနေပေမယ့်လည်း လက်တွေ့မှာတော့ သူမ ရုန်းထွက်ဖို့ အင်အားတွေ ပျောက်ဆုံးလို့နေလေသည်။ ခဏကြာမှ သူမ စိတ်ကိုသူမ ပြန်ထိန်းကာ ရုန်းလိုက်တော့ သူလည်း သတိပြန်ဝင်လာပြီး လွှတ်ပေးလိုက်၏။

"ဟို …… ကျွန်တော် …… ကျွန်တော် တကယ်တောင်းပန်ပါတယ် …လူမှားသွားလို့ပါ …… တောင်းပန်ပါတယ်"

သူက သူမ မျက်ဝန်းတွေကို ရင်မဆိုင်ရဲစွာဖြင့် ခေါင်းကို ငုံ့ကာ အထပ်ထပ် တောင်းပန်နေ၏။ သူမ ကတော့ မျှော်လင့်မထားတဲ့ နေရာမှာ တွေ့လိုက်ရတဲ့ သူ့ကို ဘာပြန်ပြောရမှန်း မသိ ဝေခွဲရခက်နေလေသည်။ ထိုစဉ် အိမ်ထဲမှာ သူမကို ဧည့်ခံဖို့ စားစရာ သွားပြင်တဲ့ Mrs.Park ပြန်ရောက်လာတာကြောင့် သူမ စိတ်သက်သာရာ ရသွားသည်။

"သားကြီးက အစောကြီး ပြန်ရောက်နေတာလား"

"ဟုတ် …… ဟုတ်တယ် အမေ …… နေလို့ သိပ်မကောင်းလို့ အလုပ်တွေ လက်စသပ်ပြီး ပြန်လာခဲ့တာ"

"နေ သိပ်မကောင်းဘူး …… ဟုတ်လား …… ပြပါဦး"

Mr.Park က Jin သူမ နဖူးပေါ်လက်ဝါးတင်ရင်း စမ်းနေပြန်သည်။ သူ့သားအရင်း မဟုတ်တာတောင် ဂရုစိုက်လွန်းတဲ့ Mrs.Park ကို ကြည့်ရင်း Ji Na သူမ အမေကို သတိရနေမိသည်။ သူတို့ သားမိနှစ်ယောက်ကို ငေးကြည့်နေမိစဉ် Mrs.Park က သူမ ဘက်လှည့်ကာ ……

"သမီး …… ဒါက အန်တီ့သားကြီးလေ …… Park Jin တဲ့ ……"

"arr …… nae ……ဟိုလေ …… အန်တီ သမီးအိမ်မှာ လုပ်စရာလေးရှိတာ အခုမှ သတိရလို့ ပြန်တော့မယ်နော်"

String [Completed]Where stories live. Discover now