"ဘာပဲဖြစ်ဖြစ် သမီးကတော့ ဒီရာထူးကို လက်လွတ်မခံနိုင်ဘူး …… ဒီအတွက် သမီး ဘယ်လောက်တောင် ကြိုးစားခဲ့လဲ အဖေသိပါတယ်"

"မဟုတ်ဘူး သမီး …… လွှတ်ပေးသင့်တဲ့ အရာက လွှတ်ပေးရမယ် …"

"အဲ့လိုလွှတ်ပေးလိုက်ရင် …… သမီးက သူ့လက်အောက်မှာ လုပ်နေရမှာပေါ့ …… အဲ့ဒါတော့ သမီး မလုပ်နိုင်ဘူး"

"သမီး စဉ်းစားကြည့် ဒီလုပ်ငန်းရဲ့ အုပ်ချုပ်သူ အပိုင်းကို ဝင်လာဖို့ဆိုတာ တော်ရုံ အရည်အချင်းနဲ့ရတာ မဟုတ်ဘူး …… အတွေ့အကြုံလည်း များတဲ့သူမှ အဆင်ပြေနိုင်မယ် …… သူ့မှာ အရည်အချင်းရှိတယ် ဆိုဦးတော့ သူ ဘယ်လောက်ကြာကြာခံနိုင်မှာလဲ …… အဲ့ဒီ့အချိန်ကျရင် အဖေတို့ အကွက်ထဲ လုံးဝဝင်လာပြီ …… သမီး လုပ်ရမှာက သူပြန်ပြုတ်ကျလာမှာကို အရသာခံပြီး ထိုင်ကြည့်နေရုံပဲ"

အဖေ့ စကားကို သေချာစဉ်းစားပြီး သူမနှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။

"လူတစ်ယောက်ကို အမြင့်ကို ဆွဲတင်ပြီးမှ ရိုက်ချရတဲ့ အရသာ ဘယ်လောက်ကောင်းလဲ ဆိုတာ သမီးမကြာခင်သိလာမှာပါ …… အဲ့ဒီ့ အချိန်ကျရင်သာ သမီးဘက်က ရှယ်ယာရှင်တွေ ငြင်းမရအောင် ပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်အောင် ပြင်ဆင်ထား"

"nae …… arraso appa"

Hyeri ကျေနပ်စွာဖြင့် သူ့အဖေ ရုံးခန်းထဲမှ အတက်ကြွဆုံးသော ခြေလှမ်းတွေနှင့် အတူ ပြန်ထွက်လာခဲ့သည်။ သူမ ဖြတ်သန်းခဲ့ရတဲ့ ဘဝ တစ်လျှောက်လုံး ပြိုင်ဘက်တွေအားလုံး အပေါ်အနိုင်ရခဲ့တာချည်း ဖြစ်တာမို့ ဒီတစ်ခေါက်လည်း သူမ Choi Ji Na ဆိုတဲ့ တစ်ယောက်ကို အနိုင်ရမယ်လို့ ယုံကြည်တယ်လေ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Jin နေသိပ်မကောင်းတာကြောင့် ရုံးစောစောဆင်းကာ အိမ်ပြန်လာတော့ Jjaung Gu က ခြံဝမှာ ထိုင်နေလေသည်။

"arr Jjang gu yarr …… အိမ်ထဲမှာ မနေဘဲနဲ့ ဒီမှာဘာလုပ်နေတာလဲ …… လာပါဦး"

Jin ပြောပြီး ပွေ့ချီဖို့လုပ်တော့ အချီမခံဘဲ ပန်းခြံဘက်သို့ ပြေးသွား၏။ သူလည်း Jjang gu တစ်ခုခုပြချင်တယ် ဆိုတာသိတာကြောင့် အနောက်က နေလိုက်သွားမိလေသည််။ ပန်းခြံနားရောက်သွားတော့ ပန်းခြံထဲမှာမြင်လိုက်ရတဲ့ အရိပ်လေးကြောင့် သူ အံ့အားသင့်သွားကာ နှုတ်မှလည်း "Soon Young" လို့ လွှတ်ခနဲ ခေါ်လိုက်မိ၏။ ဝေးနေလို့လား …… သူ့အသံတိုးသွားလို့လား မသိ သူမက လှည့်မကြည့်လာပေ။ သူ့ရင်ထဲက လွမ်းဆွတ်မှု သတိရမှုတွေကြောင့် သူမ အနားကို အလိုလိုရောက်သွားကာ  ထပ်ပြီးပျောက်သွားမှာ စိုးလည့်အလား  ဖက်ထားလိုက်မိသည်။

String [Completed]Where stories live. Discover now