"Taehyung ah!! … ငါ ချစ်သူရလာရင် ဒီလိုကုန်းပိုးခိုင်းဖို့ စိတ်ကူးယဉ်ခဲ့တာ …… ခုတော့ တကယ်ဖြစ်လာပြီ …… ဟီးး ဟီးးး …… နောက်လည်း ငါ့ကို အမြဲတမ်းသီးခံပေးနော် …… စိတ်မပျက်သွားရဘူးနော်"

"စိတ်မပူပါနဲ့ ……  နင်ထွက်သွားလို့ မပြောမချင်း …… ငါ နင့်ကို ထားခဲ့မှာ မဟုတ်ဘူး …"

"အင်း …… ငါ နင့်ကိုယုံတယ်"

Chal Lin  သူမခေါင်းလေးကို သူ့ပခုံးပေါ်တင်ရင်း ပိုတိုးပြီးဖက်ထားလိုက်၏။ သူမ အကြိမ်ကြိမ်အခါခါ ငြင်းနေသည့်ကြားက စိတ်ရှည်စွာ ချစ်နိုင်ခဲ့သည့် သူ့ကို အရမ်းကျေးဇူးတင်မိသည်။ မောင်နှမတွေထဲမှာ အကြီဆုံးမို့ အငယ်တွေဘက် အမြဲတမ်းကြည့်နေရတဲ့ အချိန်မှာ သူမကို အခုလို ဂရုစိုက်ပြီး ချစ်ပေးတဲ့ သူကသာ သူမကို လုံခြုံမှု အပေးနိုင်ဆုံးလူဖြစ်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

"Saranghae Taehyung yarr……"

သူမရဲ့ စကားသံအဆုံးမှာ ပြုံးလို့နေမယ့် သူ့မျက်နှာကိုတော့ အနောက်ကနေမို့ မမြင်ရပေမယ့် ခန့်မှန်းလို့ သိနိုင်လေသည်။

xxxxxxxxxxxxxxxxxxxxxx

Mr.Shin ရုံးခန်းထဲသို့ အပြေးဝင်လာသည့် သူ့သမီး Hyeri ကို ရင်မဆိုင်ရဲစွာပင် ကြည့်လိုက်မိသည်။ သူမ ဘယ်ကိစ္စကို ရည်ရွယ်ပြီးရောက်လာတယ် ဆိုတာ သူ ကြိုသိလို့နေ၏။

"Appa …… Director ခန့်ဖို့ ကိစ္စ က ပြန်ရွေးမယ် ဆိုတာ ဘာသဘောလဲ"

"အဲ့ဒါက …… ရှယ်ရာရှင်တွေ ဆုံးဖြတ်လိုက်တာပဲ … Choi Ji Na လက်ထဲမှာ အမြတ်အစွန်းများများ ရနိုင်မယ့် project တစ်ခုရှိနေတော့ ရှယ်ယာရှင်တွေက ပြန်စဉ်းစားဖို့ ဆုံးဖြတ်လိုက်တာ"

"အဲ့ဒီ့ Choi Ji Na ဆိုတာက ဘယ်သူလဲ Appa"

"သူက နိုင်ငံခြားမှာနေပြီး အခုမှ ဒီကိုရောက်လာတာ …… သူလဲ ရှယ်ယာဝင် တစ်ယောက်ပဲ …… ထူးဆန်းတာက သူရထားတဲ့ ရှယ်ယာတွေက Soon Young ရှယ်ယာတွေ"

"ရှင် …… Soon Young ဆီက ရှယ်ယာတွေ က ဘယ်လိုလုပ်် ???"

"အဖေ အဲ့ဒါကိုမသင်္ကာလို့ အခု သူ့နောက်ကြောင်းကို လိုက်စုံစမ်းနေတယ်"

String [Completed]Where stories live. Discover now