Jin သူတို့ရှေ့က ပြန်သွားသည့်တိုင်အောင် Taehyung က လှည့်ကြည့်နေတာကြောင့် Chal Lin သူ့ပခုံးကို ပုတ်ကာ……
"ဘာလဲ နင်မြင်ဖူးတဲ့သူ ဖြစ်နေပြန်ပြီလား"
"အင်း …… ဟုတ်တယ် …… ငါ ဘယ်မှာတွေ့ဖူးတာလဲ မသိဘူး"
"နင် ကလည်းလေ …… မသိတဲ့သူကို မရှိတော့ဘူး"
"မဟုတ်ဘူး …… ငါ သိနေပါတယ် …… Kim Taehyung စဉ်းစား …… စဉ်းစား ……"
ပါးစပ်က ပွစိပွစိရွတ်ရင်း စဉ်းစားနေတဲ့ Taehyung ကို ကြည့်ကာ Chal Lin ရယ်နေမိသည်။
"တော်ပါတော့ Taehyung yarr … သိမှာလည်း မဟုတ်ဘဲနဲ့ …… နင် ဉာဏ်မကောင်းတာ ငါသိပါတယ်"
"နင်ကလည်း တိတ်တိတ်နေပါ …… ငါ စဉ်းစားနေတာကို"
"အဲ့ဒါဆိုလည်း စဉ်းစားပြီး နေခဲ့လိုက်တော့ …… ငါ ပြန်တော့မယ်"
မျက်နှာ ချက်ခြင်းတည်သွားပြီး သူ့ရှေ့ကနေ ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားတဲ့ Chal Lin ကို မှီအောင်လိုက်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်ရင်း ……
"Chal Lin yarr …… စိတ်ဆိုးသွားတာလား"
"ဟုတ်တယ် …… ဆိုးတယ် …… အရင် ချစ်သူ မဖြစ်ခင်တုန်းက ငါ့ကို မအော်ဖူးပါဘူး …… ခုမှ ဟွန့်"
"အဲ့လိုမဟုတ်ပါဘူး …… ငါ တကယ် သူ့ကို တစ်ယောက်ယောက်နဲ့ တွဲပြီး မြင်ဖူးနေလို့ပါ"
"yah!!! Kim Taehyung …… နင် အဲ့ဒါပဲပြောနေတော့မှာလား …… ကိုယ့်ချစ်သူနဲ့ Date လုပ်ပါတယ်ဆို သူများအကြောင်းပဲတွေးနေတာပဲ"
"mian …… mian …… အဲ့ဒါဆိုလည်း မတွေးတော့ဘူး ……နင် ဘယ်သွားချင်သေးလဲ …… လိုက်ပို့မယ်လေ"
"တော်ပြီ …… အိမ်ပဲပြန်တော့မယ်"
"အဲ့ဒါဆိုလည်း Chal Lin သဘော"
Taehyung သူမ လက်ကိုဆွဲလိုက်ပေမယ့် သူမက မရွေ့ဘဲ နေရာမှာတင်ရပ်နေလေသည်။ သူ လှည့်ကြည့်လိုက်တော့ သူမက သူ့ကို ပြုံးလျှက်
"ငါ့ကို ကုန်းပိုးပါလား …… Taehyung ah!! … ဟိုနားက ကားမှတ်တိုင် အထိပဲလေ … နော် … နော်"
angyeo တွေ လုပ်ပြနေတဲ့ သူမခေါင်းကို ဖွဖွလေးပုတ်ကာ သက်ပြင်းချပြီး သူ့ကျောပေါ် တက်ခိုင်းလိုက်၏။ သူမကို ခဏ ခဏ အလျော့ပေးနေမိတာကိုက သူ့အကျင့် တစ်ခုလိုဖြစ်နေပြီလေ …… အခြားသူတွေနဲ့ ဆို ရင့်ကျက်တည်ငြိမ်သလောက် သူနဲ့ဆို ကလေးဆန်ပြီး အနိုင်ယူချင်လွန်းတဲ့ သူမကို အပြစ်မတင်နိုင်လောက်အောင် သူကိုယ်တိုင်က သူမရဲ့ ဆိုးနွဲ့မှုတွေကို သာယာနေမိလေသည်။ Chal Lin က သူ့ကို တင်းတင်းဖက်လာရင်း ……
String (Part 21)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)