"wae ??? …… ဘာလို့ ဒီနေ့မှ ထူးထူးခြားခြား လာစောင့်နေတာလဲ"
"Date လုပ်ချင်လို့ …… ဒီနေ့ လစာထုတ်တဲ့နေ့လေ …… အဲ့ဒါကြောင့် Chal Lin ကြိုက်တာ လိုက်ဝယ်ကျွေးမယ်"
"jinja …… omo …… အဲ့ဒါကြောင့် Tae Tae ကို ချစ်နေရတာ"
Taehyung က သူမ ချွဲချွဲနွဲ့နွဲ့ ပြောနေပုံကို ကြည့်ပြီး နှာခေါင်းရှုံ့လျှက််
"ဟူးး …… ကလေးဆန်လိုက်တာ"
"wae ??? မကြိုက်ဘူးလား"
"arni …… ဒါပေမယ့် သူများရှေ့မှာတော့ အဲ့လို မလုပ်ပြနဲ့ …… သူများတွေ သဘောကျသွားမှာ စိုးရိမ်လို့"
"aigoo …… ကပ်စေးနဲနေလိုက်တာ"
"နဲရတာပေါ့ …… ကိုယ့်ချစ်သူလေးကို"
Taehyung က ပြောရင်း Chal Lin ပါးကို ဖွဖွလေး ဆွဲလိုက်လေသည်။ Chal Lin ကတော့ သူ့ပခုံးကိုမှီကာ ရယ်လျှက် ……
xxxxxxxxxxxxxxxxxxxxxxxxx
Jin အိမ်အတွက်စားစရာ ဝယ်ရင်း စျေးတစ်လျှောက် လျှောက်ကြည့်နေမိလေသည်။ သူ တစ်နေရာ အရောက် "သူဌေး" လို့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Chal Lin ဖြစ်နေ၏။
"aww …… Chal Lin လည်း ဒီကို လာတာလား"
"nae …… သူဌေး"
သူတို့နှစ်ယောက် နှုတ်ဆက်နေစဉ်မှာပင် Chal Lin ဘေးနားသို့ ကောင်လေးတစ်ယောက် ရောက်လာပြီး
"ရပြီ Chal Lin သွားရအောင်"
"arr ခဏလေး Taehyung yah…… မိတ်ဆက်ပေးရဦးမယ် …… ဒါက ငါ ပြောပြောနေတဲ့ ငါ့ သူဌေး …… သူဌေး ဒါကတော့ …… ကျွန်မရဲ့ ချစ်သူ …… Taehyung"
Jin …… Taehyung ဆိုတဲ့ကောင်လေးကို ကြည့်ကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်၏။ Taehyung လည်း သူကမ်းပေးလာတဲ့လက်ကို ဆွဲကာ နှုတ်ဆက်လာသည်။
"သူဌေး တစ်ယောက်တည်း လာတာလား"
"အင်း …… ဟုတ်တယ် …… အမေ ဝယ်ခိုင်းတာလေးရှိလို့လေ …… Chal lin တို့ မပြန်သေးရင် တစ်ခုခု လိုက်စားပါလား ……"
"နေပါစေ …… သူဌေး …… ကျွန်မတို့ အခုပဲ ပြန်တော့မှာ မို့လို့"
"aww …… ဒါဆိုရင် မနက်မှ ရုံးမှာ တွေ့မယ်နော်"
"nae …"
String (Part 21)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)