Jin အတိတ်အကြောင်းကိုတွေးရင်း ကျလာတဲ့ မျက်ရည်တွေကို ပွတ်ထုတ်လိုက်၏။ သူမိဘမဲ့ ဂေဟာ ရောက်ပြီး တစ်ပတ်နှစ်ပတ်လောက်အထိ Jaung Woo Arjushi လာတွေ့သေးသည်။ နောက်ပိုင်းတွင်တော့ Arjushi ကို သူလုံးဝ မတွေ့ရတော့ချေ။
"ဖြစ်နိုင်ရင် တခါလောက်တော့ ဦးလေးနဲ့ တွေ့ပါရစေ"
Jin သက်ပြင်းချကာ တီးတိုးငြီးတွားလိုက်မိသည်။
"hyung …… ညီ ဝင်ခဲ့လို့ ရမလား"
အခန်းရှေ့မှ တံခါးခေါက်သံနှင့်အတူ ထွက်လာတဲ့ သူ့ညီရဲ့ အသံကြောင့် Jin တံခါး ထဖွင့်ပေးလိုက်၏။
"ညီ မအိပ်သေးဘူးလား"
"အိပ်မပျော်လို့ hyung နဲ့ အိပ်မလို့"
Jimin က ပြောကာ ကုတင်ပေါ်သို့ သူ့ခေါင်းအုံးနဲ့ စောင်တွေချပြီး ဝင်လှဲလိုက်လေသည်။ Jin လည်း သူ့ညီ ဘေးမှာ ဝင်လှဲရင်း
"ညီ …… ပြောစရာ ရှိလို့လား"
သူ့စကားကြောင့် Jimin သူ့ဘက်ကိုလှည့်ကြည့်ကာ ပြုံးလိုက်၏။
"hyung က ညီ့အကြောင်း တော်တော်သိတာပဲ"
"ကိုယ့် ညီအကြောင်းပဲ …… သိရတာပေါ့ ……ညီ ပြောမယ့် အကြောင်းပါ ပြောရဦးမလား ……Hae Yoon အကြောင်းလေ …… ဟုတ်တယ် မဟုတ်လား"
Jimin က တအ့ံတသြနှင့် ထထိုင်ကာ
"arr …… hyung က ဘယ်လိုသိသွားတာလဲ"
"ညီ့မှာ စိတ်ညစ်စရာ ဆိုလို့ ဒီအကြောင်းပဲရှိတာ မဟုတ်လား"
"ဟုတ်တော့ ဟုတ်တယ်"
Jimin ရယ်ကာ ပြန်လှဲချလိုက်၏။
"ညီက Hae Yoon နဲ့ လက်မထပ်ချင်လို့လား …… စေ့စပ်ပွဲပြီး ပြန်လာကတည်းက ညီ မျက်နှာမကောင်းတာ hyung သိတယ်"
"အမှန်အတိုင်း ပြောရရင်တော့ …… ညီ သူ့ကို လက်မထပ်ချင်တာ သူ့ကို မချစ်နိုင်လို့ …… ပြီးတော့ အဖေတို့က ကျွန်တော့်ကို အသိမပေးဘဲ စီစဉ်တာကိုလည်း ညီ မကြိုက်ဘူး … အဲ့ဒီ့နေ့ကတောင် ညီ သူ့ကို ဖျက်သိမ်းပေးဖို့ ပြောခိုင်းသေးတယ် သူကလည်း လုပ်ပေးမယ်တဲ့ …… ဒါပေမယ့် နောက်ပိုင်း ညီသိလိုက်ရတာက သူက ညီ့အပေါ်မှာ သူငယ်ချင်း တစ်ယောက်ထက်ပိုတဲ့ သံယောဇဉ်ရှိနေတယ် ဆိုတာပဲ …… ညီ အဲ့ဒါကို သိလိုက်ရတော့ သူ့ကို အရမ်းအားနာ သွားမိတယ်"
Jimin သူ့စကားကို ခဏရပ်လိုက်ပြီး သက်ပြင်း တစ်ချက်မှုတ်ထုတ်ကာ
"ညီ ဘာတွေလုပ်ခဲ့မိမှန်း မသိတော့ပါဘူး …… အခု ညီ သူ့ကိုတောင်းပန်ချင်တာပဲ သိတယ် …… ဒါပေမယ့် သူက ညီ့ဖုန်းကိုတောင် မကိုင်တော့ဘူး"
"ဟင် …… Hae Yoon က ဘာလို့လဲ …… ညီ လက်ထပ်ပွဲ ဖျက်ပေးဖို့ပြောတာကို မကျေနပ်လို့လား"
"arni …… အဲ့ဒါက …… ဟိုနေ့က ညီ သူ့ဆီသွားရင်း သူနဲ့ညီ စကားများခဲ့တယ် …… သူ တော်တော် စိတ်ဆိုးသွားပုံပဲ …… အဲ့လောက်အထိ ဖြစ်သွာဖို့ ညီ မရည်ရွယ်ပါဘူး"
"ညီ သူ့ဆီသွားပြီး သူကျေနပ်တဲ့ အထိ တောင်းပန်သင့်တယ်လို့ hyung ထင်တယ်"
"nae …… ညီ အားတဲ့နေ့ သွားဖို့ စိတ်ကူးရှိတယ် hyung"
"သူနဲ့ လက်ထပ်ဖို့ အတွက်ကရော ညီ ဘယ်လို စဉ်းစားထားလဲ"
"အဲ့ဒါကတော့ …… "
"hyung အထင်ပြောရင်…… ညီ သူ့ကို မချစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ မငြင်းလိုက်သင့်ဘူး …… သူက ဘာပြစ်ချက်မှ မရှိတဲ့ မိန်းကလေး တစ်ယောက် …… ညီနဲ့လည်း သင့်တော်တယ် …… ပြီးတော့ ညီ့ကိုလည်း ချစ်နေတဲ့သူ တစ်ယောက် …… ညီ ဘာလို့ အခုလောက်အထိ တွေဝေနေလဲ hyung စဉ်းစားလို့ မရဘူး …… ဘာလဲ လက်ထပ်လိုက်ရင် အရင်လို ရှုပ်လို့ မရတော့မှာ စိုးလို့လား"
"arr hyung ကလည်း မဟုတ်ပါဘူး …… ညီ ရည်းစားမထားဖြစ်တာတောင် အတော်ကြာနေပြီကို……"
"အဲ့ဒါဆို လက်ထပ်ဖို့ ကိစ္စကို ခေါင်းထဲထည့်ထားတော့ …… ဒါက ညီရော ကျန်တဲ့သူတွေပါ စိတ်ချမ်းသာမယ့် ကိစ္စပဲ မဟုတ်လား"
"အင်း …… ညီ သိပါတယ် …… ဒါနဲ့ hyung ရော ဒီတသက် အိမ်ထောင်မပြုတော့ဘူးလား"
"ခုချိန်ထိ hyung ဘေးနားမှာ Soon Young ရဲ့ အငွေ့အသက်တွေ ကျန်နေတုန်းပဲ …… hyung သူ့ကို မမေ့နိုင်သေးဘူး …… သူ သေသွားတာ ခုထိ အိမ်မက် တစ်ခုလိုပဲ …… လက်ခံလို့မရသေးဘူး"
Jin ပြောပြီး သက်ပြင်းချကာ မျက်လုံးမှိတ်ထားလိုက်လေသည်။ Jimin သူ့ အစ်ကိုကို ကြည့်ရင်း သနားနေမိ သလို သူ့ အစ်ကို ရင်ထဲက ဝေဒနာတွေကို ကုစားပေးနိုင်မယ့်သူ အမြန်ဆုံးပေါ်လာပါစေ ဟူ၍လည်း ဆုတောင်းမိလျှက် ………
xxxxxxxxxxxxxx
to be continued
String (Part 20)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)