xxxxxxxxxxxxxxxxxxxxxxxxxx

Jin …… လမ်းထိပ်က Store ဆိုင်လေးမှ မုန့်ဝယ်ပြီး ပြန်အလာ သူတို့ဘေးခြံမှ ထွက်လာသော လူတစ်ယောက်ကြောင့် ဝမ်းသာသွားကာ သူ့နာမည်ကိုလည်း ခေါ်လိုက်မိ၏။

"Jaung Woo Arjushi"

Jin ထိုလူ့ ဆီသို့ ပြေးသွားလိုက်ပြီး ……

"Jaung Woo Arjushi ဟုတ်ပါတယ် …… ကျွန်တော့ကို မှတ်မိတယ် မဟုတ်လား ကျွန်တော် Seokjin လေ"

Jin အားရဝမ်းသာ နှုတ်ဆက်လိုက်ပေမယ့် ထိုလူကတော့ သူ့ကို မသိသလိုပင် ကြည့်နေလေသည်။

"Jaung Woo Arjushi ……"

"ကောင်လေး မင်း လူမှားနေပြီ ……ငါ့ နာမည်က Jaung Woo မဟုတ်ဘူး …… "

"arr … တောင်းပန်ပါတယ် …… ကျွန်တော်က ကျွန်တော့် အသိ ဦးလေးနဲ့ တူလို့ ခေါ်လိုက်တာ …… တောင်းပန်ပါတယ်နော် ……"

"ရပါတယ် …… ကိစ္စ မရှိပါဘူး ……"

Jin ထိုလူကို တောင်းပန်ကာ အိမ်ထဲဝင်ပြီး ဝယ်လာတဲ့ ပစ္စည်းတွေထားကာ အခန်းထဲ တန်းဝင်ခဲ့မိခဲ့၏။ သူ့ရဲ့ အတွေးတိမ်တိုက်တွေကတော့ တချိန်က အတိတ်ဆီသို့ လွင့်မျောလို့သွားခဲ့သည်။

"Seokjin မင်း အဖေနဲ့ အမေ ဆေးရုံမှာတဲ့"

ထိုစကားက ဆယ့်သုံးနှစ် အရွယ်ကောင်လေး၏ ရင်ကို ပစ်ခွင်းသည့်မြှား တစ်စင်းနှယ် ကြေကွဲနာကျင်သွားစေသည်။ Seokjin သတင်းကြားကြားချင်းပင် ဆေးရုံသို့ အပြေးသွားခဲ့သည်။ ဒါပေမယ့် ကံကြမ္မာရဲ့ ရက်စက်မှုကြောင့် သူ့အဖေနဲ့အမေရဲ့ အသက်မဲ့တဲ့ ခန္ဓာကိုယ် ကိုသာမြင်တွေ့လိုက်ရ၏။ ဘာတွေဖြစ်ကုန်တာလဲ ဆိုတာကို သူ့ဦးနှောက်သေးသေးလေးနှင့် စဉ်းစားလို့မမှီနိုင် မနက်ကတင် သူနဲ့ အတူရှိနေကြသေးတဲ့ သူ့မိဘတွေ အခု ကားတိုက်လို့ သေပြီတဲ့လား …… သူ့ကို ထားသွားခဲ့ပြီတဲ့လား …… သူ တစ်ယောက်တည်း လောကကြီးကို ဘယ်လိုရင်ဆိုင်ရမှာလဲ ……  မိဘတွေ မရှိတော့လို့ ကူကယ်ရာမယ့် ဖြစ်ပြီး သူ့ကို လမ်းပြပေးခဲ့သူကတော့ Gan Jaung Woo Arjushi ……

မိဘတွေ စျာပန ပြီးတော့ အကြီးအကျယ် နေမကောင်းဖြစ်ခဲ့တဲ့ သူ့ကို Arjushi က ဆေးရုံတင်ကာ ဆေးကုပေးပြီး နောက်ဆုံး မိဘမဲ့ ဂေဟာ အထိပါ တာဝန်ယူပြီး ပို့ပေးခဲ့သည်။ ကူကယ်ရာမဲ့ ဖြစ်နေတဲ့ သူ့အတွက်တော့ Arjushi က လမ်းပြကြယ်လေး တစ်ပွင့်ဖြစ်ခဲ့လေသည်။

String [Completed]Where stories live. Discover now