Yoon လာပြောတဲ့ စကားကြောင့် Ji Na လုပ်လက်စ အလုပ်တွေ ခဏရပ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့၏။ သူမ အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲမှာ တွေ့လိုက်ရတဲ့ သူမနဲ့ရင်းနှီးပြီးသား ဧည့်သည်ကြောင့် သူမ အံ့အားသင့်သွားရသည်။ Mr.Shin ရဲ့ တချိန်က လူယုံတော် Gan Jaung Woo …… အဖေက တအံ့တသြနှင့် ရပ်ကြည့်နေတဲ့ သူမကို ထိုင်ခိုင်းလိုက်၏။ သူမ လွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး သူ့ကိုကြည့်မိတော့ သူမနဲ့ မျက်နှာချင်း မဆိုင်ရဲစွာပင် သူက ခေါင်းငုံ့ထားလေသည်။ ဒါဆို Gan Jaung Woo လည်း သူမကို သိနေတာပေါ့ … အဖေ ဘာတွေ လုပ်လာပြန်ပြီလဲ …… သူမ အတွေးနယ်ချဲ့နေ စဉ်မှာပင် အဖေက

"သမီး သူ့ကို သိတယ် မဟုတ်လား"

"nae သိပါတယ် …… ဒါပေမယ့် ဘာအတွက်ကြောင့် သူက???"

"အဖေ ပြောပြောနေတဲ့ ဂျပန်က အဖေ့ မိတ်ဆွေဆိုတာ သူပဲ"

"ရှမ် …… ဒါဆို Myaung Group ရဲ့ ရှယ်ယာ ဒုတိယ အများဆုံး ပိုင်တဲ့သူက???"

"ဟုတ်တယ် သမီး …… အဖေ တစ်ဖက်လှည့်နဲ့ သူ့ကို ခိုင်းထားတာ"

"ဒါပေမယ့် အဖေ …… သူက ……"

"ဟုတ်ပါတယ် သမီး …… ဦးလေးက တစ်ချိန်က Mr.Shin ရဲ့ လက်ရုံးဖြစ်ခဲ့ပါတယ် …… ဒါပေမယ့် သူ့ရဲ့ လူ မဆန်တဲ့ လုပ်ရပ်ကြောင့် ဦးလေး ထောင်ထဲဝင်ခဲ့ရသလို …… အမေ့ကိုလည်း ဆုံးရှုံးခဲ့ရတယ် …… ထောင်က ပြန်လွတ်လာတဲ့ နေ့မှာပဲ ဟောဒီက သူဌေး Choi နဲ့ တွေ့ပြီး ဦးလေး ဘဝက အခုလို အခြေအနေအထိ ရောက်လာတာပါ"

Ji Na အဖေ့ကို ကြည့်လိုက်မိသည်။ အဖေကတော့ သူမကို စိတ်ချပါဆိုတဲ့ သဘောနဲ့ ပြန်ကြည့်နေလေသည်။ တချိန်က Mr.Shin ရဲ့ သေဆိုသေ ရှင်ဆိုရှင် ဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်မို့ သူမကတော့ ယုံကြည်ဖို့ ခက်ခဲနေတာ အမှန်ပင် …… 

"ဦးလေးကို ယုံကြည်ဖို့ ခက်ခဲမယ်ဆိုတာ ဦးလေး နားလည်ပါတယ် …… သမီးတို့ သားမိ အပေါ် မကောင်းတာရှိခဲ့ရင်လည်း ဦးလေး တောင်းပန်ပါတယ်"

"ရပါတယ် …… အဖေဘက်က ယုံကြည်နေတယ် ဆိုတော့ …… ကျွန်မ ယုံကြည်ဖို့ ကြိုးစားပါ့မယ်"

သူမ သိပ်မကြည်ပေမယ့်လည်း အဖေယုံကြည် စိတ်ချထားတဲ့ သူမို့လို့ အဖေ့သဘောအတိုင်း နာခံရမည်သာ တတ်နိုင်၏။ အချိန်အတော်ကြာတဲ့ အထိ Myung လုပ်ငန်းစုကို ပြန်ရနိုင်ဖို့ ရှေ့ဆက်လုပ်ရမယ့် အစီအစဉ်တွေကို သူမတို့ သုံးယောက် တိုင်ပင်ပြီးမှ Gan Jaung Woo ပြန်သွားလေသည်။

String [Completed]Where stories live. Discover now