"ဟုတ်တယ် အန်တီရဲ့ …… ဒါက Yoon ရဲ့ မမလေးလေ …… မမလေးက ပန်းပင်တွေကို အရမ်းသဘောကျတာ …… ဒါပေမယ့် Yoon တို့က ခုမှ ပြောင်းလာတာဆိုတော့ ခြံအရင်ရှင်းနေရသေးတော့ အပင်တွေ မစိုက်ရသေးဘူး"
Yoon က သူမရဲ့ အကျင့်အတိုင်း သွက်သွက်လက်လက်နှင့် မိတ်ဆက်ပေးနေပြန်လေသည်။
"စိတ်ဝင်စားရင် …… ဝင်ကြည့်လေ သမီး …… ဒီခြံကို အန်တီတို့ ဝယ်ဖြစ်လိုက်တာ ဒီပန်းခြံလေး… ကြောင့်လည်းပါတယ် …… စိတ်ကြိုက် အပင်တွေရှိအောင်တော့ ကိုယ့်ဟာကိုယ် ပြန်စိုက်ရတာပေါ့"
အန်တီ့ဆီက ခွင့်ပြုချက်ရတာနဲ့ Ji Na ခြေလှမ်းတွေက ပန်းခြံလေးထဲသို့ ရောက်သွားမိသည်။ အိမ်ရှင် အန်တီကတော့ သူမကို ပန်းပင်လေးတွေကို ဘယ်လိုဂရုစိုက်ရကြောင်း ပြောပြနေလေသည်။ သူမတို့ ပန်းခြံလေးကို လိုက်ကြည့်ပြီး ပြန်တော့မယ် ဆိုတော့ အိမ်ရှင် အန်တီက အပင်အချို့ လက်ဆောင်ပေးရင်း
"သမီးတို့ အားရင်လည်း လာလည်ပေါ့ …… အိမ်မှာက အန်တီ တစ်ယောက်တည်း …… ကျန်တဲ့ အိမ်သားတွေက မနက်ရုံးသွား …… ညနေမှ ပြန်ရောက်တာ များတယ် ……"
"nae …… အပင်တွေ ပေးတဲ့ အတွက်ရော … ပန်းခြံထဲ ဝင်ကြည့်ခွင့် ပေးတဲ့ အတွက်ရော အများကြီး ကျေးဇူးတင်ပါတယ် အန်တီ"
"အန်တီ့ကတော့ ဒီနေ့ စကားပြောဖော်ရလို့ သမီးတို့ကို ကျေးဇူးတင်ပါတယ် ……ဒါနဲ့ သမီးနာမည်က …??"
"Choi Ji Na ပါ"
"Yoon ကိုတော့ အရင်ကတည်းက မြင်ဖူးတာ ဆိုတော့ နာမည် သိပြီးသား ဖြစ်နေပြီ ……Ji Na ဆိုတဲ့ နာမည်လေးက လှသားပဲ …… နောက်လည်း လာလည်လို့ရတယ်နော် သမီး …… Yoon ရောပဲ"
"nae "
သူမရော Yoon ပါ ပြိုင်တူ ဖြေရင်း အန်တီ့ကို နှုတ်ဆက်ကာ အိမ်ဖက်သို့ ပြန်လာခဲ့၏။ တော်တော် သဘောကောင်းတဲ့ အန်တီကြီးပဲ ဟုလည်း သူမ စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"မမလေး …… အောက်ထပ်မှာ သူဌေးပြန်ရောက်နေတယ် …… ဧည့်သည်လည်း ပါလာတယ် …… မမလေးကို ခဏဆင်းခဲ့ပါတဲ့"
String (Part 20)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)