Yoon က ပြောပြောဆိုဆိုနှင့် ခွေးလေးကို ချီမယ်လုပ်တော့ ခွေးလေးက အချီမခံဘဲ နောက်ဆုတ်သွားလေသည်။
"aww …… သူကလည်း ပြန်ပို့ပေးမယ့် ဟာကို"
ခွေးလေးကို ထပ်ဖမ်းဖို့လုပ်နေတဲ့ Yoon ကို သူမ တားလိုက်ကာ
"ကဲ …… Yoon အထုပ်တွေ အိမ်ထဲမှာ သွားထားလိုက် …… မမ ဒီမှာ စောင့်ထားပေးမယ် …… ပြီးရင် …… ခွေးလေးကို တူတူ သွားပေးကြမယ်"
"ဟုတ် မမလေး"
Yoon က သူမ လက်ထဲက အထုပ်တွေပါ ယူပြီး သူမခေါ်တာ မလိုက်တဲ့ ခွေးလေးကို မဲ့ပြကာ အိမ်ထဲဝင်သွားလေသည်။ Yoon ဝင်သွားတော့ Ji Na ခွေးလေးဘေးမှာ ထိုင်ရင်း သေချာကြည့်နေမိသည်။ Yoon ချီတာကို အချီမခံတဲ့ ခွေးလေးက အခုကျတော့ သူမခြေထောက်နားမှာ ပွတ်သီးပွတ်သပ် လုပ်လို့နေလေသည်။
"အမယ် ကြည့်စမ်း ဒင်းက မျက်နှာလိုက်တာ …… ငါ ခေါ်တာကျတော့ မရဘူး …… မမလေးနားကျတော့ ကပ်နေလိုက်တာ … ဟွန့် …… ပြန်မပို့ဘဲနေလိုက်ရ ……"
အထုတ်တွေထားပြီး ထွက်လာတဲ့ Yoon Jaung က မကျေမနပ်ဖြင့်ပြောလာတော့ သူမ ရယ်လိုက်မိသည်။
"ကဲပါ သွားပြန်ပို့ရအောင် Yoon ရယ် …… Yoon အဲ့အိမ်က အန်တီနဲ့ သိတယ် မဟုတ်လား"
"nae သိတယ် …… မမလေး"
Yoon Jaung ဦးဆောင်ကာ သူမတို့နှစ်ယောက် ဟိုဖက်ခြံရှေ့ကို သွားကာ လူခေါ် ဘဲလ် နှိပ်လိုက်တော့ အထဲက အန်တီက တံခါးဖွင့်ပေးကာ ဝင်ခဲ့ဖို့ခေါ်ပြီး သူမတို့နှစ်ယောက်ကို အိမ်ဝက စောင့်နေလေသည်။
"ကျေးဇူးတင်လိုက်တာ သမီးရယ် …… ဒီကောင်သာ ပျောက်သွားရင် သားကြီးတော့ အန်တီ့ကို ပြောနေတော့မှာ …… အန်တီ သတိထားနေတဲ့ ကြားက ဒီကောင်က ဘယ်လို ထွက်သွားလဲ မသိဘူး ကျေးဇူးတင်ပါတယ်"
အိမ်ရှင် အန်တီကြီးက သူမတို့ကို ကျေးဇူးတင် ကြောင်းပြောနေစဉ် ခြံထဲက ပန်းခြံသေးသေးလေးက သူမရဲ့ အာရုံတွေကို ဖမ်းစားလို့နေလေသည်။ သူမ ပန်းခြံလေးကို ကြည့်နေတာကို မြင်သွားတဲ့ အိမ်ရှင် အန်တီကြီးက ……
"အနောက်က မိန်းကလေးက ပန်းခြံလေးကို သဘောကျနေတယ်နဲ့ တူတယ်"
String (Part 20)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)