"မမလေး သိလား Yoon တို့ ဟိုဖက်က ခြံမှာလေ ပန်းခြံလေးလုပ်ထားတယ် ပန်းပင်တွေလည်း အစုံပဲလှမှလှ"

"ဟင် …… Yoon က ဘယ်လိုလုပ်သိတာလဲ"

Yoon တို့ အိမ်အပေါ်ထပ်ကနေဆို လှမ်းမြင်ရတယ်လေ …… ပြီးတော့ အစ်ကိုကြီးချောချော နှစ်ယောက်လည်းရှိတယ်"

သူမ အံ့အားသင့်စွာ ကြည့်လိုက်တော့ Yoon Jaung  က သွားလေးစေ့ကာ သူမကို ရယ်ပြနေလေသည်။

"Yoon  က သိလှချည်လား"

"ဒီအတိုင်း ဟိုနားဒီနားသွားရင်းတွေ့တာ …… အဲ့အိမ်က အန်တီနဲ့တောင် နဲနဲရင်းနှီးနေပြီ …… အဲ့ဒီ့အန်တီက အိမ်မှုကိစ္စတွေ အကုန် သူ့ဟာသူလုပ်တာ …… အဲ့ဒါကြောင့် Yoon အမှိုက်ပစ်ရင်းတွေ့ပြီး ခင်သွားတာ … အန်တီက သဘောကောင်းတယ် သိလား …… မမလေးလိုပဲ"

"Yoon က မြှောက်နေပြန်ပြီ …… ဘာ စားချင်လဲပြော"

"arr …… မမလေးကလည်း Yoon က တကယ်ပြောတာကို …… မမလေး Yoon တို့အိမ်မှာလည်း အဲ့လိုပန်းခြံလေး လုပ်ထားရင် မကောင်းဘူးလားဟင် …"

"ရတာပေါ့ …… ဒီတစ်ခေါက် အဖေ ပြန်လာရင် အဖေ့ခြံထဲက ပန်းပင်ပေါက်လေးတွေ သယ်လာခိုင်းမလား စဉ်းစားနေတာ ……"

"အဲ့ဒါကောင်းတယ် မမလေး …… အများကြီး ယူလာခိုင်းနော် …… ပန်းပင်တွေကို စောင့်ရှောက်ဖို့ အတွက်က Yoon  တာဝန်ထား"

"အေးပါ …… Yoon  ရယ်"

Ji Na  …… Yoon ခေါင်းလေးကို ပုတ်ရင်း သဘောကျစွာ ရယ်လိုက်မိသည်။ သူမတို့ နှစ်ယောက် စျေးကပြန်လာတော့ အိမ်ရှေ့မှာ ခွေးစုတ်ဖွါးအဖြူလေး တစ်ကောင်ထိုင်နေတာကို တွေ့လိုက်ရ၏။ Yoon Jaung က ခွေးလေးနား ပြေးသွားကာ

"မမလေး … ခွေးလေးက ချစ်စရာလေး ဘယ်သူ့ခွေးလေးလဲမသိဘူး"

သူမလည်း ခွေးလေးနား ထိုင်ရင်း သေချာကြည့်လိုက်မိသည်။ စိတ်ထဲမှလည်း ဟိုနေ့က Jin လက်ထဲက ခွေးလေးနှင့် တူတယ်လို့ တွေးလိုက်မိ၏။

"arr …… သိပြီ ဟိုဖက်ခြံက ခွေးလေးနဲ့တူတယ် …… ကြည့်ဦး အပြင်ထွက်နေတယ် …… သူများဖမ်းသွားမှဖြင့်"

String [Completed]Where stories live. Discover now