အံ့သြစရာ ကောင်းလောက်အောင် သူမ လက်ရေးလှလှလေးနှင့် ရေးထားတဲ့ စာမျက်နှာတိုင်းရဲ့ အကြောင်းအရာတွေ အားလုံးက သူ့အကြောင်းတွေ ချည်းပဲ ဖြစ်လို့နေလေသည်။ ဟိုးအရင်ကတည်းက သူအနည်းငယ်ရိပ်မိခဲ့ပေမယ့် သေချာ အတိအကျတော့ မသိခဲ့ပေ။ အခုမှ သူမ သူ့ကို ဘယ်လောက်ချစ်ခဲ့တယ် ဆိုတာ နားလည်လာရသလို ဟိုနေ့က သူမအပေါ် ပြောဆိုခဲ့မိတာ အတွက်လည်း နောင်တရမိသည်။

သူဖတ်နေစဉ်မှာပင် ဆတ်ခနဲ တံခါးပွင့်လာတာကြောင့် Jimin စာအုပ်ကို အလျင်အမြန် ဖွက်လိုက်မိသည်။ ဒါပေမယ့် မမှီလိုက် သူမက သူ့လက်ထဲက စာအုပ်ကို ဆွဲယူပြီး

"Jimin နင် ဒီစာအုပ်ကို ဖတ်နေတာလား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

မိလက်စနဲ့ မထူးတော့ပြီမို့ Jimin ဘာမှ မဆိုင်သလိုပင် ပြောလိုက်၏။

"Yah!!! Park Jimin နင် …… သူများကိုယ်ရေးကိုယ်တာကို စပ်စုစရာလား"

သူမ စကားသံတွေ တုန်ယင်နေသလို သူမ ပါးနှစ်ဖက်လည်း နီမြန်းနေလေသည်။ Jimin သူမကို စချင်တာကြောင့် ထိုင်နေရာမှ မတ်တပ်ရပ်ကာ သူမနား တိုးသွားလိုက်တော့ သူမက နောက်ကို ဆုတ်သွား၏။ Jimin လည်း သူမ မျက်နှာနှင့် နီးကပ်အောင်တိုးလိုက်ပြီး သူမနား နားကပ်ကာ …

"အဲ့ဒီ့ထဲမှာ ငါ့ကို မသိစေချင်တဲ့ လျှို့ဝှက်ချက်ရှိတယ် မဟုတ်လား"

"ဘာ …… ဘာကို လျှို့ဝှက်ချက် ရှိရမှာလဲ …… မရှိဘူး"

"ညာမနေပါနဲ့ Hae Yoon ရယ် …… ငါ အကုန်ဖတ်ပြီးသွားပြီ"

သူ့စကားကြောင့် Hae Yoon လန့်သွားပြီး ကြောင်နေတုန်း သူမ လက်ထဲက စာအုပ်ကို ဖျတ်ကနဲ ဆွဲယူကာ Jimin ဖတ်ဖို့လုပ်တော့ သူမက အတင်းပြန်ဆွဲလုလေသည်။ သူမ ပြန်လုနေတဲ့ ကြားမှ စာအုပ်ထဲက စာ အချို့ကို သူ အော်ဖတ်လိုက်တော့ သူမ ဆက်မလုတော့ဘဲ ထိုင်ငိုတော့သည်။ ထိုအခါမှ Jimin ရပ်ကာ သူမ ဆီစာအုပ်ပြန်ပေးရင်း

"မငိုပါနဲ့ Hae Yoon yah…… ငါ က နင့်ကို စတာပါ"

"စတာ ဟုတ်လား …… ငါ့ခံစားချက်တွေက အဲ့လောက်တောင်ပဲ လှောင်ပြောင်ချင်စရာ ကောင်းနေလို့လား …… အေးပေါ့လေ …… နင့် အတွက်တော့ ငါခံစားချက်တွေက ဟာသ ဖြစ်နေမှာပေါ့"

"Hae Yoon yah…… ငါတောင်းပန်ပါတယ် အဲ့လိုသဘောမဟုတ်ပါဘူး"

"တော်ပါတော့ …… ဒီလောက် လှောင်ပြောင်တာနဲ့ပဲ တော်ပါတော့ …… ငါ နင့်ကို မတွေ့ချင်လို့ ပြန်ပါတော့"

သူ ဘယ်လိုပြောပြော လက်မခံဘဲ သူ့ကို အတင်းတွန်းပြီး နှင်ထုတ်နေတာကြောင့် Jimin သူမ လက်တွေကို ဖမ်းချုပ်ထားလိုက်မိသည်။

"Yah!!! Park Jimin …… လွှတ် …… ငါ့ကိုလွှတ် …… Yah!! …… Park ……"

Hae Yoon ရုန်းနေရင်းမှ သူမ လုံးဝ မျှော်လင့် မထားတဲ့ အဖြစ်အပျက်ကြောင့် သူမ နှုတ်ဖျားမှ စကားသံတွေ ပျောက်ဆုံးသွားသလို သူမ မျက်လုံးအစုံတို့လည်း ဝိုင်းစက်သွားရသည်။ ပူးကပ်သွားတဲ့ နှုတ်ခမ်းနှစ်စုံကို Jimin အသာလေးပြန်ခွါ လိုက်တော့ သူမ လက်ဝါးက သူ့ရဲ့ ပါးပြင်ဆီသို့ အလိုလို ရောက်သွားကာ သူ့ကို နာနာကျည်းကျည်း ကြည့်လိုက်မိသည်။ သူမ မုန်းသည်။ ဒါ သူ သူမကို သက်သက် အထင်သေးပြီး အနိုင်ယူလိုက်တာ …… Jimin ကတော့ သူမရဲ့ တုန့်ပြန်မှုအပေါ် အံ့အားသင့်လျက် ………

"Hae Yoon …… ငါ ……"

"ငါ နင့်ဆီက ဘာစကားသံမှ မကြားချင်ဘူး Park Jimin …… နင်ပြန်တော့ …… "

"Hae Yoon …… ငါ …… ရှင်းပြ ……"

"နင် ပြန်တော့ လို့ ပြောနေတယ်နော် …… Jimin ……နင်ငါ့ကို သိပ်အထင်သေးလွန်းတယ်"

သူမ အသံက လုံးဝ ခက်ထန်နေတာကြောင့် Jimin ဘာမှ ဆက်မပြောတော့ဘဲ ပြန်လာခဲ့၏။ ဒီအချိန်မှာ ရှင်းပြလို့လဲ ဘာမှထူးတော့မှာ မဟုတ် …… သူမ သူ့ကို အထင်လွဲသွားလေပြီ။ အိမ်အပြန်လမ်း တစ်လျှောက်လုံး မဆင်မခြင်ပြုမိခဲ့တဲ့ သူ့ရဲ့ အပြုအမူအတွက် နောင်တရရင်း သူမကို ဘယ်လို စိတ်ပြေအောင်လုပ်ပေးရမလဲ ဆိုတာကိုသာ စဉ်းစားနေမိလျက် ………

xxxxxxxxxxxxxx

to be continued

update အရမ်းနောက်ကျသွားလို့ တောင်းပန်ပါတယ် ^^

String [Completed]Where stories live. Discover now