"ဘာပဲဖြစ်ဖြစ် ဒါက ငါမသိဘဲ လုပ်လိုက်တဲ့ပွဲ မို့လို့ လုံးဝ လက်မခံနိုင်ဘူး …… ပွဲပြီးတဲ့ အထိရှိနေတယ် ဆိုတာလည်း နင်နဲ့ လူကြီးတွေကို အားနာလို့ …… ဒီမှာ Hae Yoon …… ငါ သေချာပြောထားမယ် …… ငါ လုံးဝ ခံစားလို့မရတဲ့သူ တစ်ယောက်ကို လူကြီးတွေ စီစဉ်တာနဲ့ပဲ ဇွတ်မှိတ်ပြီး လက်မထပ်နိုင်ဘူး"
သူ့စကားကြောင့် Hae Yoon အတော်ပင် စိတ်မကောင်းဖြစ်သွားရသည်။ သူက သူမကို လုံးဝ ခံစားမရဘူးတဲ့လား …… သူမမှာ ဘာတွေများလိုအပ်ချက်ရှိနေလို့လဲ …… သူမ ဘက်ကတော့ သူ့ကို ဟိုးအရင်ကတည်းက ချစ်ခဲ့ရတာပါ …… သူမ ဝမ်းနည်းစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း
"စိတ်ချပါ …… နင် ငါ့ကို ဘယ်တော့မှ လက်မထပ်စေရပါဘူး"
သူမ သူစိတ်ချမ်းသာအောင် ကတိတစ်ခု ပေးလျှက် သူ့ကို နှုတ်ဆက်ကာ တစ်ယောက်တည်း ပြန်လာခဲ့မိသည်။ မျက်နှာလေး ညှိုးငယ်စွာဖြင့် သူ့ကို ကျောခိုင်းပြီး ထွက်သွားတဲ့ Hae Yoon ကို ကြည့်ရင်း စိတ်ရှုပ်စွာနဲ့ Jimin သူ့ခေါင်းကို ထိုးဖွလိုက်မိသည်။ တကယ်တော့ သူမကို လက်မထပ်နိုင်ဘူး ဆိုတာထက် အခုလို အသိမပေးဘဲ စီစဉ်ခံလိုက်ရတာကို သူဒေါသထွက်တာ … ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အနည်းဆုံးတော့ အကျိုးအကြောင်း မေးသင့်သည်။ အခုတော့ အားလုံးစီစဉ်ပြီးမှ သူ သိရတဲ့ အဖြစ် ……… Jimin သက်ပြင်းတွေချရင်း …… မြစ်ပြင်ကျယ်ကြီးကိုသာ ထိုင်ငေးနေမိတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Jimin တစ်ယောက် နားရက်မှာ သူ့အမေ့ရဲ့ စေခိုင်းမှုကြောင့် Hae Yoon အတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို တင်ကာ Hae Yoon ရှိရာ နယ်သို့ ထွက်လာခဲ့သည်။ ဟိုရောက်လို့ သူမဆီ ဖုန်းဆက်ကြည့်မှ Hae Yoon က မရှိ …… ရွာဖက်သို့ ဆေးကုဆင်းသွားပြီး ညနေမှ ပြန်ရောက်မည်တဲ့ …… Jimin လည်း သူ့ဆီမှာ ပါလာတဲ့ သော့အပိုတစ်စုံနှင့်ဖွင့်ကာ သူမ အခန်းထဲမှာ ဝင်စောင့်နေရင်း …… ပျင်းလာတာကြောင့် သူမ စာအုပ်ပုံထဲက ဖတ်စရာ စာအုပ်တွေကို လိုက်ပြီး ရှာဖွေမိလေသည်။ သူ ကောင်းနိုးရာရာ စာအုပ်ကို လိုက်ရှာရင်းမှ သူ့လက်နဲ့ ခိုက်မိပြီး အသားရောင် အဖုံးလေးနဲ့ စာအုပ်တစ်အုပ် ကျသွားလေသည်။ အစက Jimin ပြန်ကောက်တင်ပေးဖို့ ပြင်လိုက်ပေမယ့် ပွင့်လျက်သားလေး ကျနေတဲ့ စာအုပ်ပေါ်မှာ သူ့နာမည်မြင်လိုက်ရတာကြောင့် စာအုပ်ကို ယူကာ ဖတ်ကြည့်မိ၏။
String (Part 19)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)