ညနေ Jimin ဂျူတီပြီးတော့ အမေပြောတဲ့ နေရာသို့ ထွက်လာခဲ့၏။ သူ ရောက်သွားတော့ အခန်း တစ်ခုထဲမှာ Hae Yoon ရယ် Hae Yoon အမေရယ် ပြီးတော့ သူ့မိသားစု သာမက အခြား ဧည့်သည်အနည်းငယ်လည်း ရှိနေလေသည်။ Jimin အခုမှ အခြေအနေကို သဘောပေါက်သွား၏။ သူ Hae Yoon ကို ကြည့်လိုက်တော့ သူမက အစကတည်းက သိနေသလိုပင် …… Jimin စိတ်ထဲမှာ အတော်လေး ခံပြင်းသွားမိသည်။ တကယ်ဆို ဒီကိစ္စက ကြိုပြောဖို့တော့ ကောင်းသည်။
"သားငယ် …… လာလေ …… သမီးဘေးနားမှာထိုင် ……"
ကြောင်တောင်တောင်ကြည့်နေတဲ့ သူ့ကို အမေက လက်ဆွဲကာ နေရာချပေးလိုက်သည်။ Jimin … Hae Yoon ဘေးမှာ ဝင်ထိုင်ကာ သူမကို ကြည့်လိုက်တော့ သူမက တခြားဘက်ကို မျက်နှာလွှဲထားလေသည်။ လူကြီးအချင်းချင်း ပြောဆိုကြပြီး သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲ ပြီးဆုံးသွားပေမယ့် သူ့ရင်ထဲက ဒေါသတို့က မပြေငြိမ်းနိုင် ……
စေ့စပ်ပွဲပြီးလို့ အပြန် …… Hae Yoon နဲ့ စကားခဏပြော စရာရှိလို့ ဆိုတဲ့အကြောင်းပြချက်ဖြင့် Hae Yoon ကို ခေါ်ကာ Jimin ဟန်မြစ်ကမ်း ဘက်သို့ထွက်လာခဲ့သည်။ နှစ်ယောက်သား ကားပေါ်တွင် စကားတစ်ခွန်းမှ မပြောမိ …… ဟန်မြစ်ကမ်းဆီ ရောက်တော့ Jimin ကားထိုးရပ်ကာ Hae Yoon ကို ဆင်းခိုင်းလိုက်ပြီး
"နင့်မှာ ငါ့ကို ဘာစကားမှ ပြောစရာ မရှိဘူးလား Nam Hae Yoon"
အသံမာမာနဲ့ ပြောလိုက်တဲ့ Jimin ကို Hae Yoon ကခပ်အေးအေးပင် ကြည့်ကာ
"နင် ဘာလို့ ဒီလောက်တောင် ဒေါသတွေထွက်နေတာလဲ"
"ဘာလို့ ဒေါသထွက်လဲ ဟုတ်လား ……… ဒီပွဲကို ကြိုသိထားရက်နဲ့ နင်ဘာလိို့ စကားတစ်ခွန်းမှ မဟခဲ့တာလဲ …… နင် နယ်ကနေပြန်လာတာလည်း ဒီပွဲကြောင့်ပဲ မဟုတ်ဘူးလား"
"မဟုတ်ဘူး …… ငါက အမေခေါ်လို့ပြန်လာတာ …… ဒီပွဲကလည်း လုပ်ခါနီးမှ ငါသိရတာ"
"ဟာာ …… လူကြီးတွေနဲ့ အတူပါလာတဲ့ နင်က ဒီကိစ္စကို မသိဘူးဆိုတာ လမ်းဘေးက ကလေးကို သွားပြောရင်တောင် ယုံမှာ မဟုတ်ဘူး"
"ငါ တကယ် မသိလို့ မသိဘူး ပြောတာ …… နင် မယုံတာတော့ ငါလည်း မတတ်နိုင်ဘူး ……"
String (Part 19)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)