အနောက်မှာ သူ ဘယ်လိုကျန်ရစ်ခဲ့သည်ကို မသိ သူမ သူ့ကို နှုတ်ဆက်ပြီး သူ့ရှေ့ကနေ အမြန်ဆုံး ထွက်လာခဲ့မိသည်။ ကြာကြာနေရင် သူမ အသံနှင့် စကားပြောဟန်ကို သူ ရိပ်မိလာနိုင်သည်။ သူမက Soon Young ဆိုတာကို သူ အခုချိန်မှာ သိလို့ မဖြစ်သေးဘူးလေ……

Jin တစ်ယောက် စကားတောင်မဆုံးသေးဘဲ သူ့ရှေ့ကနေ ခပ်သုတ်သုတ်လေး ပြေးထွက်သွားတဲ့ ကောင်မလေးကို နားမလည်နိုင်စွာ ဖြင့်ကြည့်ရင်း ကျန်ရစ်ခဲ့၏။

"ဟူးး …… အခုတလော ဘာလို့ Soon နဲ့ တူတဲ့ သူတွေချည်းပဲ တွေ့နေရတာလဲ "

Jin သူ့ကိုယ်သူပြောရင်း စိတ်ရှုပ်စွာဖြင့် ဆံပင်ကို ထိုးဖွလိုက်မိ၏။ သူ့လက်ထဲက Jjang gu လေးကတော့ သူ့ကိုကြည့်ကာ အိမ်ပြန်ဖို့တောင်းဆိုနေလေရဲ့……

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Hyung ပြန်လာပြီလား"

Jin လမ်းလျှောက်ရာမှ ပြန်လာတော့ အဝတ်အစားလဲပြီး ဆေးရုံသွားဖို့ အဆင်သင့် ဖြစ်နေတဲ့ Jimin ကို လှေခါးထိပ်မှာ တွေ့လိုက်ရ၏။

"ညီ အစောကြီးပါလား …… ဆေးရုံသွားရတော့မှာလား"

"ဟုတ်တယ် hyung …… hyung ဒီနေ့ပြန်လာတာ နောက်ကျတယ်နော် …… မနက်စာ အတူစားရအောင် မြန်မြန်ရေချိုးပြီး ဆင်းလာခဲ့လေ ညီစောင့်နေမယ်"

"Ok …… ခဏစောင့် … ညီ"

လက်ထဲက Jjung gu ကို လွှတ်ပေးကာ အိမ်ပေါ်ပြေးတက်သွားတဲ့ သူ့ အစ်ကိုကိုကြည့်ကာ Jimin ပြုံးမိသည်။ ဒီတစ်နှစ် အတောအတွင်း တစ်ခါတရံ မှိုင်နေတတ်တာက လွဲလို့ ပုံမှန်နီးပါး ပြန်ဖြစ်လာတဲ့ သူ့အစ်ကိုကြောင့် သူ ဝမ်းသာရသည်။ Jimin မီးဖိုထဲ ဝင်ခဲ့တော့ အမေက ဟင်းပွဲပြင်နေရာမှ

"သား …… ဒီညနေ______စားသောက်ဆိုင်မှာ အမေတို့ချိန်းထားတာလေး တစ်ခုရှိတယ် သားလည်းလာခဲ့ရမယ်"

"ဘယ်သူတွေနဲ့ ချိန်းထားလို့လဲ …… အမေကလည်း ကြိုမပြောဘူး …… Hyung ရောပါလား"

"သားကြီးတော့မပါဘူး …… သပ်သပ်ရပ်ရပ်လေး ဝတ်စားလာခဲ့နော် သားငယ်"

အမေ့စကားကို နားမလည်နိုင်စွာနှင့် Jimin မျက်မှောင်ကျုံ့လိုက်မိသည်။ အမေကတော့ ပြုံးလျက်ပင် …… ခဏနေတော့ အဖေနဲ့ hyung ဝင်လာတာကြောင့် စကားစ ပြတ်ကာ ထမင်းလက်ဆုံစားတဲ့ ဆီရောက်သွားသည်။ ထမင်းစားပြီးလို့ ဆေးရုံသွားခါနီးအထိ အမေက လာခဲ့ရန် မမေ့ဖို့မှာနေဆဲ ………

String [Completed]Where stories live. Discover now