**Soon ဘယ်လိုလုပ်ရမလဲ …… အရာရာ အားလုံးအတွက် တောင်းပန်ပါတယ် …… Oppa ရယ်***
သူမ အတွေးနှင့် သူမ သတိလက်လွပ်ရပ်နေမိစဉ် သူမ ခြေထောက်ကို လာထိတဲ့ အေးစက်စက် အထိအတွေ့ကြောင့် သူမလန့်သွားကာ ငုံ့ကြည့်မိတော့ ခုနက ခွေးလေး … ခွေးဘေးက လျှာလေးထုတ်လျက် သူမကို မော့ကြည့်နေလေသည်။ သူမ ထိုင်ကာ သူ့ကို ပွတ်ပေးနေစဉ်
"Jjang gu yarr" ဆိုတဲ့ အသံနှင့်အတူ Jin သူမအနားကို ရောက်လာလေသည်။
"yah …… လက်လွှတ်လိုက်တာနဲ့ အဲ့လိုလျှောက်သွားရလား"
Jin ထိုင်ချရင်း ဆူသလိုလိုပြောလိုက်တော့ ခွေးလေးက နားလည်သလိုနှင့် ငြိမ်သွားကာ Jin ကို တစ်လှည့်သူမကို တစ်လှည့်ကြည့်နေလေသည်။ အဲ့ဒီ့တော့မှ Jin က သူ့ခွေးလေးကို ကောက်ပွေ့ကာ သူမ ဘက်ကိုလှည့်ကြည့်လာရင်း
"Jjang gu ကို ခေါ်ထားပေးလို့ ကျေးဇူးတင်ပါတယ် …… မဟုတ်ရင် ဒီကောင့်ကို ဘယ်မှာ လိုက်ရှာရမှန်း သိမှာ မဟုတ်ဘူး …… သူက လက်ကနေလွတ်သွားတာနဲ့ မရဘူး …… လျှောက်ထွက်သွားတာ"
Jin က သူ့ခွေးလေးကို ပွတ်ပေးရင်း သူမကို ပြောနေလေသည်။ သူမ သူ့ကို ဘာမှပြန်မပြောဘဲ အပြုံးနဲ့သာ တုန့်ပြန်ပြီး ထွက်သွားဖို့ ပြင်လိုက်ပေမယ့် Jin က စကားစမပြတ်နိုင် ………
"ကျွန်တော်က Park Jin ပါ …… ဟိုဖက် လမ်းမှာနေတာ …… ကျွန်တော်က သိပ်မကြာသေးခင်ကမှ ဒီနားကို ပြောင်းလာတာ ဆိုတော့ အသိသိပ်မရှိလို့ မိတ်ဖွဲ့တဲ့ သဘောပါ"
သူက ပြုံးလျက် တည်ငြိမ်စွာပြောနေတော့ သူမ စိတ်မကောင်းဖြစ်ရသည်။ အခုနေရာမှာ သူမ မဟုတ်ဘဲ အခြားမိန်းကလေး တစ်ယောက်ဆိုရင် ဆိုတဲ့ အတွေးမျိုးလည်း ဝင်မိ၏။
"nae …… ကျွန်မက Choi Ji Na ပါ …… ကျွန်မလည်း ပြောင်းလာတာ သိပ်မကြာသေးဘူး ……"
"ဒါဆို ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လို့ရပြီပဲ … Ji Na က အမြဲတမ်းလေ့ကျင့်ခန်း လာလုပ်နေကျလား …… စိတ်ထဲမှာ ရင်းရင်း နှီးနှီး သိနေသလိုပဲ"
"မဟုတ်ပါဘူး …… တစ်ခါတလေမှပါ …… နောက်နေ့မှတွေ့တာပေါ့ …… အခု ကျွန်မ အချိန်မရှိလို့ သွားလိုက်ပါဦးမယ်"
String (Part 19)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)