"ကျွန်မက Choi Ji Na ပါ …"
Choi ဆိုတဲ့ အသံကြောင့် Mr.Shin အမူအရာတော့ နည်းနည်းပျက်သွားလေသည်။ ပြီးမှ အိန္ဒြေပြန်ဆယ်ရင်း ……
"ဦးလေးကိုတော့ ဒီက မိန်းကလေး သိပြီးသားဖြစ်မှာပါ"
"nae သိပါတယ်"
"ဒါနဲ့ မိန်းကလေးက Choi မျိုးရိုးဆိုတော့ တချိန်က နာမည်ကြီး သူဌေး Choi Juho နဲ့ ………"
"Choi Juho …… ဒီနာမည်ကို ကျွန်မ ဒါ ပထမဆုံးကြားဖူးတာပဲ …… ကျွန်မက US မှာနေတာကြာပြီလေ …"
"US မှာနေတာ ကြာပေမယ့် ကိုရီးယား စကားတော့ ကောင်းကောင်းပြောတတ်သားပဲ"
"ဟုတ်တယ် Appa က ကိုရီးယား Omma က အမေရိကန်လေ …… အိမ်မှာ Appa နဲ့က ကိုရီးယားလိုပဲ ပြောဖြစ်တာများတယ်"
"ဦး ဒီက မိန်းကလေးကို တွေ့ချင်တဲ့ ရည်ရွယ်က ဒီ Share တွေ ဘယ်လိုရခဲ့တာလဲ ဆိုတာ သိချင်လို့ …… တကယ်တော့ ဒီ share တွေက ဦးလေးရဲ့ ဆုံးသွားတဲ့ သမီးလေး ပိုင်တဲ့ share တွေလေ ……"
"ဒီက Mr.Shin က ကျွန်မကို သံသယ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"
သူမ မေးလိုက်တော့ Mr.Shin က ပြာပြာ သလဲဖြင့်
"အဲ့လို မဟုတ်ပါဘူး …… ဦးလေးက သိချင်ရုံသက်သက်ပါ"
"Soon Young အခုလိုဖြစ်သွားတာကို ကြားရတော့ ကျွန်မ စိတ်မကောင်းပါဘူး …… ဒီ share တွေက Shin Soon Young ကိုယ်တိုင် ကျွန်မကို ရောင်းခဲ့တာ …… ဦးလေး သိချင်တယ်ဆို ကျွန်မ မှာ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား အပြည့်အစုံရှိတယ် …… "
"ရပါတယ် ကိစ္စမရှိပါဘူး …… ဦးလေးက လူငယ် စီးပွါးရေး သမားဆိုတော့ တွေ့ချင်တာလည်း ပါပါတယ်"
"ဒါနဲ့ ကျွန်မပြောထားတဲ့ Director ရာထူး ကိစ္စ ကရော …… ကျွန်မ အခုပြန်လာတာက ကိုရီးယားက ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းမှာ ဝင်ပြီး လုပ်ချင်လို့ ပြန်လာခဲ့တာ"
"အဲ့ဒါက share ရှင်တွေ မဲခွဲပြီး ဆုံးဖြတ်ရမယ့် ကိစ္စဆိုတာ ဒီက မိန်းကလေးလည်း သိမယ်ထင်တယ်"
"ဟုတ်ကဲ့သိပါတယ် …… ဒါပေမယ့် တရားမျှတမှုတော့ ရှိစေချင်တယ် …… ကျွန်မ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို အဓိပ္ပါယ်မရှိတဲ့ အရာတွေကြောင့် အလဟသ မဖြစ်ချင်ဘူး"
String (Part 19)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)