"ဥက္ကဌကြီး နေကောင်းရဲ့လား"

ထို အသံကြားလိုက်တာနှင့် သူတုန်လှုပ်သွားသလို မေးခွန်းတွေလည်း ဆက်တိုက် ဆိုသလို ပြန်မေးလိုက်မိသည်။

"မင်း ဘယ်တုန်းက ပြန်ရောက်နေတာလဲ …… ဘာလို့ ငါ့ကို အကြောင်းမကြားတာလဲ"

"အကြောင်းကြားတော့…… ဥက္ကဌကြီးက လာတွေ့မှာလား……  စိတ်မပူပါနဲ့ ပြန်ရောက်နေကြောင်း အသိပေးတာပါ"

"မင်းနဲ့ ငါနဲ့ တွေ့ပြီးပြောရအောင် Jaung Woo"

"မလိုပါဘူး …… တွေ့ဖို့လိုအပ်လာတဲ့ အချိန်ကျရင် ကျုပ် ကိုယ်တိုင် ခင်ဗျားကို လာတွေ့မှာပါ …… အခုတော့ ကျုပ် မအားသေးလို့"

တဖက်က ပြောပြီး ဖုန်းချသွားတော့ Mr. Shin စိတ်တိုစွာနှင့် ဖုန်းကို ပစ်ပေါက်လိုက်မိသည်။ Gan Jaung Woo ပြန်ရောက်နေတဲ့ အပေါ် သူ တကယ် အရမ်း တုန်လှုပ်နေမိသလို အရင်က Jaung Woo တို့ မိသားစု အပေါ် သူပြုမူခဲ့တဲ့ ကိစ္စတွေအတွက် လက်တုန့်ပြန်ခံရမှာကိုလည်း ကြောက်နေမိသည်။ သူ့နားထဲမှာ Jaung Woo အမေဆုံးတဲ့ နေ့က Jaung Woo ထောင်ထဲကနေလာကန်တော့ပြီး ပြန်မဝင်ခင်ပြောသွားတဲ့ စကားတို့ကို ပြန်ပြီး ကြားယောင်နေမိသည်။

"ကျုပ် ဒီက ထွက်လာတဲ့နေ့က ခင်ဗျား သေမယ့်နေ့ပဲ" တဲ့ ……

Mr.Shin တုန်လှုပ်ခြောက််ခြားစွာဖြင့် ထိုင်ခုံတွင်ထိုင်ရင်း ကိုယ့်ကိုယ််ကို ဖြေသိမ့်ကာ ရေရွတ်နေလေသည်။

"မဟုတ်ဘူး …… ငါ မမှားဘူး …… ငါဘာမှ အမှား လုပ်ထားတာ မရှိဘူး …… Gan Jaung Woo အဲ့ဒါ မင်းညံ့လို့ မင်းခံရတာပဲ"

Jaung Woo ဆိုတာ တချိန်က သူ့ရဲ့ အားကိုးရဆုံး လက်ရုံးတစ်ဆူပင် …… သူ လိုသလိုခိုင်းစေလို့ရတဲ့ သူတစ်ယောက်မို့ တပည့်ဆိုတာထက် ညီတစ်ယောက်လိုပင် ခင်မင်ရသည်။ အဲ့လိုလူကို သူ့ဘက်က စပြီး စွန့်ပစ်မိတာ သူ့ဘဝအတွက် မဟာ အမှားကြီး တစ်ခု ဆိုတာ ကြိုသိခဲ့မယ် ဆိုရင်တော့ ……… ဘယ်လိုမှ ပြန်ပြင်ခွင့် မရှိတော့တဲ့ အမှား အတွက် Mr.Shin နောင်တရ နေမိတော့သည်။

xxxxxxxxxxxxxxxxxxxx​

Ji Na ကားပေါ်မှ ဆင်းလိုက်ပြီး Mr.Shin ချိန်းဆိုရာ စားသောက်ဆိုင် ထဲကို ဝင်ခဲ့၏။ Mr.Shin နာမည်ကို ပြောလိုက်တော့ ဧည့်ကြိုကောင်မလေးက သူမကို တွေ့ရမယ့် အခန်းဆီသို့ ခေါ်သွားလေသည်။ အခန်းထဲရောက်တော့ သူမကို Mr.Shin က ဦးညွတ်ကာ ကြိုဆိုပြီး ထိုင်ဖို့နေရာပေးသည်။ သူမ ယဉ်ကျေးမှု အရ သူမကိုယ် သူမ စတင်မိတ်ဆက်လိုက်သည်။

String [Completed]Where stories live. Discover now