"တောင်းပန်ပါတယ် ...... ဘယ်လိုမှ မတတ်နိုင်ခဲ့လို့ ...... အဝေးကနေပဲ အမြဲစောင့်ကြည့်နေခဲ့ရတာ ... အဖေ ...... တကယ်တောင်းပန်ပါတယ်"

သူမ ဘာမှမပြောဘဲ အံတင်းတင်းကြိတ်လျက် နေနေမိသည်။ အဖြစ်မှန်ကို သိလျက်နဲ့ သူတို့အကြောင်းတွေကို သိထားလျက်နဲ့ သူမကို သူတို့လက်ထဲမှာ ထားရက် နိုင်တာကိုလည်း မကျေနပ်နိုင် ......

"သမီးဆီက အသိအမှတ်ပြုမှုကို မမျှော်လင့်ပါဘူး ...... ဒါပေမယ့် ဒီနေ့က စပြီး သမီးကို အဖေ့လက်ထဲကနေ ဘယ်ကိုမှ သွားခွင့်မပြုနိုင်တော့ဘူး ...... သမီးကို အဖေ့ရဲ့ နောက်ဆုံးထွက်သက် အထိစောင့်ရှောက်သွားမှာ"

သူမ မဲ့ပြုံးလေးနှင့် တုန့်ပြန်ရင်း

"သမီး ......ဒါဏ်ရာတွေသက်သာသွားရင် ဒီကနေထွက်သွားမှာ ...... စောင့်ရှောက်စရာမလိုဘူး"

"လိုတယ် သမီး ...... သူတို့က သမီးကို သေသွားတယ်လို့ သိထားပြီးပြီ သမီး Soon Young ဘဝကို ပြန်သွားဖို့ မဖြစ်နိုင်တော့ဘူး ...... သမီးဒီမှာနေရင်း ဘဝသစ် တစ်ခုကို စမှဖြစ်မယ်"

"ဘယ်လို??? ...... ဘယ်လိုလုပ်လိုက်တာလဲ ??? ...... အဲ့ဒါဆို ရှေ့ဆက် ဘယ်လိုနေသွားရတော့မှာလဲ"

"အခုလိုလုပ်ရတာ သမီးအတွက်ပါ ...... သမီးအတွက် အရမ်းအန္တရာယ်များနေပြီ"

"တော်တော့ ...... တော်ပါတော့ ...... ဘာမှမကြားပါရစေနဲ့...... အခုလိုတွေ ဖြစ်နေမယ့်အစား သေလိုက််တာကမှ ကောင်းဦးမယ်"

"စိတ်အေးအေးထားပါ ...... ဒီကိစ္စက သမီးအတွက် ဘယ်လောက်ခက်ခဲမလဲ ဆိုတာသိပါတယ် ...... ဒါပေမယ့် အခုလောလောဆယ်က အဲ့လိုလုပ်မှ သမီးအတွက် အန္တရာယ်ကင်းမှာမို့လို့ပါ ...... သမီး ရှေ့ဆက်ပြီး အဆင်ပြေအောင် အဖေစီစဉ်ပေးပါ့မယ်"

"တော်ပါတော့ ...... ထွက်သွားပေးပါ ...... သမီးကို တစ်ယောက်တည်း ခဏလောက်ထားခဲ့ပေးပါ"

ငိုယိုပြီးပြောနေတဲ့ သူမကို စိတ်မကောင်းစွာကြည့်ရင်း Choi Arjushi အခန်းပြင်သို့ထွက်သွားလေသည်။ သူမ ဘယ်လိုဆက်လုပ်ရတော့မှာလဲ ဒီအတိုင်းဆို ကျွန်မ အားလုံးကို စွန့်လွှတ်ရတော့မှာပေါ့ ...... ပထမ Jin ပြီးတော့ Hae Yoon ...... သူတို့တွေက သူမအတွက် ဘယ်လိုမှ ဖြတ်တောက်လို့ မရတဲ့ အစိတ်အပိုင်း တွေပါပဲ ...... ဒါပေမယ့် ခက်ခဲစွာနဲ့ပဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။

ညနေစောင်း Choi Arjushi သူမ ဆီကိုလာတော့ သူမ တစ်ခုတောင်းဆိုလိုက်မိသည်။

"Arjushi ...... သမီးကို တစ်ခုကူညီပေး...... အဲ့လိုဆိုရင် Arjushi ကို အဖေ အဖြစ် အသိအမှတ်ပြု နိုင်လိမ့်မယ် ထင်တယ်"

"ရတယ် သမီး ဖြစ်ချင်တာ မှန်သမျှပြောပါ ...... အတတ်နိုင်ဆုံး အဆင်ပြေအောင် ကူညီပေးမယ်"

"သမီး သူတို့ကို လက်စားချေမယ် ...... သူတို့ သမီးဆီက လုယူသွား သမျှကိုပြန်ယူမယ် ...... အဲ့ဒီ့အတွက် သမီးကို ဘဝသစ်တစ်ခုဖန်တီးပေး ...... ဒီနေ့က စပြီး Arjushi ပြောတဲ့ အတိုင်း Soon Young ကသေသွားပြီီ"

Flash Back End

အဖေက အစမှာတော့ သိပ်ပြီး သဘောမတူပေမယ့်လည်း သူမ ဖြစ်ချင်တဲ့အတိုင်း အကုန်လုပ်ပေးခဲ့တာကြောင့် သူမ အရမ်းကို ကျေးဇူးတင်မိသည်။ အခုတော့ သူတို့ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့် သူမ အတော်ပင် စိတ်ဓါတ်ကြံ့ခိုင်နေပြီ ...... ပြုပြင်ပြောင်းလဲ လိုက်တဲ့ သူမ မျက်နှာကို မြင်ရတိုင်း သူတို့ကို လက်တုန့်ပြန်နိုင်မယ့် နေ့ရက်တွေ အတွက် ကျေနပ်တတ်နေပြီ ...... ဒါပေမယ့် တစ်ခုပဲ သူမ အရမ်း ချစ်ရတဲ့ သူကို ဆုံးရှုံးခဲ့တာ ...... Jin ကို Seokjin oppa ဆိုတာ သိလိုက်ရတဲ့နေ့ကဆို သူမ အသည်းနှလုံးတွေ ပဲ့ကြွေသွား သလိုပါပဲ ...... အရမ်းခံစားခဲ့ရသည်။ နောက်ဆုံး သူမ US ကို မသွားခင်ညက သူနဲ့ အတူရှိနေခဲ့တဲ့ အချိန် ...... သူသိနိုင်မှာ မဟုတ်ပေမယ့် သူမ အတွက်တော့ အဲ့ဒီ့အချိန်လေးက ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့သည်။

**ပြောင်းလဲသွားတဲ့ ကျွန်မကို ချစ်နိုင်ပါ့တော့မလား Jin ...***

xxxxxxxxx

to be continued

Sorry for late update

String [Completed]Where stories live. Discover now