"သမီး ဘယ်ရောက်နေတာလဲ Arjushi ...... ဘာတွေ ဖြစ်ခဲ့တာလဲ"

"နောက်မှ ဦးလေး အားလုံးကို ပြောပြမယ် ...... အခု ဘာမှစိတ်ထဲ မတွေးနဲ့ သက်သာအောင် နေနော် ...... ဦးလေး ဆရာဝန်ခေါ်လိုက်ဦးမယ်"

Choi arjushi က ဘာမှမတွေးနဲ့လို့ ပြောပေမယ့် သူမ မနေနိုင် ...... ခေါင်းထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကိုသာ ထပ်ကာထပ်ကာ တွေးနေမိသည်။ ပြီးတော့ ဒီအချိန်လောက်ဆိုရင် သူမကို Jin စိတ်ပူနေတော့မှာ သေချာသည်။ ခဏနေတော့ ဆရာဝန်ရောက်လာကာ သူမကို စမ်းသပ်ပြီး ပြန်သွား၏။ အခန်းထဲမှာ သူမနှင့် Choi Arjushi နှစ်ယောက်တည်း ကျန်တော့မှ Choi Arjushi က

"တော်သေးတယ် သမီး ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့လို့"

"Arjushi က သမီးကို ဘယ်လိုတွေ့ခဲ့တာလဲ ...... သမီး ဘယ်လိုဖြစ်ခဲ့တာလဲ"

"သမီး ဘာမှ မသိဘူးလား"

"nae ... မသိဘူး ...... သတိမေ့သွားတဲ့ အထိပဲ သိလိုက်တယ် ...... ကျန်တာဘာတွေဖြစ်လဲ ဆိုတာ သမီးမသိတော့ဘူး ..."

"ဟို လူယုတ်မာ မိသားစုက သမီးကို ကားချောက်ထဲကျပြီး သေအောင်ကြံစည်တာ ...... တော်သေးတယ် ဦးလေး တပည့် အချိန်မှီ အကြောင်းကြားပြီး ရောက်သွားတာမြန်လို့ သိပ်ပြီး မထိခိုက်သွားတာ ...... မဟုတ်ရင် ဦးလေး ရင်ကျိုးရပြီ"

Choi arjushi က ပြောပြီး သူမကို ကြည့်ကာ သက်ပြင်းချလိုက်၏။ သူ့မျက်ဝန်းတွေထဲမှာလည်း ဝမ်းနညး်မှုတွေက ထင်ဟပ်လို့နေသည်။ သူမ အတန်ကြာအထိ အတွေးထဲမှာ မျောနေပြီးမှ သူမ အရမ်းသိချင်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်မိ၏။

"Arjushi က သမီး အဖေလား"

Choi Arjushi က သူမကို မျက်ခုံးတစ်ချက်ပင့်ကာကြည့်ရင်း

"ဘယ်လိုသိတာလဲ"

"အဲ့ဒါဆို တကယ်ပဲကိုး ......ဘာလို့လဲ ...... ဘာလို့ အနားမှာရှိနေလျက်နဲ့ သိနေလျက်နဲ့ သူတို့လက်ထဲ ထားရက်တာလဲ...... သူတို့လက်ထဲမှာ ဘယ်လောက် သီးခံပြီးနေခဲ့ရလဲ သိလား ...... သူတို့ကို ဘယ်လောက်သီးခံ ခဲ့ရလဲ သိလား ......Arjushi က အခုလို အခြေအနေမျိုးရောက်တဲ့ အထိတောင်ပစ်ထားရက်တာလား..."

String [Completed]Where stories live. Discover now