"နင် ခုနက ဘာတွေကြားသွား သေးလဲ"

သူမ ဒေါသဖြင့်ခက်ထန်နေတဲ့ အဖေ့ရဲ့ မျက်လုံးတွေကို ရင်ဆိုင်လိုက်ရင်း

"သမီးကြားတာတွေက တကယ်လား ...... အမေ့ကို သတ်လိုက်တယ် ဆိုတာရောတကယ်လား ...... ပြီးတော့ Choi arjushi ကရော ......"

"aww နင်က အကုန်သိသွားပြီကိုး ...... အဲ့ဒါဆို နင်လည်း နင့်အမေနောက်ကို မကြာခင်လိုက်ရတော့မှာပဲ ...... မသေခင်တော့ အမှန်အတိုင်း သိရအောင် ပြောပြရတာပေါ့ ...... နင်ခေါ်နေတဲ့ Choi arjushi ဆိုတာ နင့်အဖေပဲ ...... နင့်ရဲ့ အဖိုးက သူ့သမီးရဲ့ အရှက်ကို ကာကွယ်ဖို့ဆိုပြီး ငါနဲ့ ပေးစားခဲ့တာ ...... ဒီလိုအခွင့်အရေးမျိုးကို စောင့်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ် ... ဒါပေမယ့် နင့်အဖိုးက မမိုက်ဘူး ...... သူ့သမီးမှ သူ့သမီးဖြစ်နေတာ ...... ဒီလောက် ဘေးနားမှာ အစစအရာရာ ဦးဆောင်ပေးနေတဲ့ ငါ့ကိုတောင် မမြင်ခဲ့ဘူး ...... အဲ့ဒီ့တော့ ငါလည်း သူ့ရဲ့ အတ္တတွေကို အဆုံးသတ်ပေးလိုက်ရတာပေါ့ ...... နင့်အမေ အပေါ်မှာတော့ ကောင်းဖို့ ငါကြိုးစားပေမယ့် သူက အကြောင်းစုံကို သိသွားတော့ ငါလည်း ငါ့လွတ်လမ်း အတွက်လုပ်ရတာပဲ ...... အခု နင့်အလှည့်ပေါ့"

သူမရှေ့မှာ သူမ အမေနဲ့ အဖိုးကို သတ်ခဲ့တဲ့ အကြောင်းတွေ အားရပါးရပြောနေတဲ့ သူမအဖေ အမည်ခံထားတဲ့သူကို စက်ဆုပ်ရွံရှာစွာဖြင့် ကြည့်လိုက်မိသည်။ သူမ အပေါ်မှာ မကောင်းတာ သိပေမယ့် အဖေဆိုတဲ့ အသိစိတ်ကြောင့် သူမ တစ်လျှောက်လုံး သီးခံပြီးနေခဲ့တာ ...... သူမ သူ့လက်ထဲမှ ရုန်းကာ ထွက်ပြေးဖို့ ပြင်လိုက်ပေမယ့် သုံးယောက်နဲ့ တစ်ယောက်ဆိုတော့ အရေးမသာခဲ့ပေ ...... နောက်ဆုံး သူမ သိလိုက်တာက သူ့လက်ဝါး တစ်ချက်ကြောင့် သူမ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ကျသွားခဲ့တယ် ဆိုတာပဲ .........

သူမ သတိရလာတော့ သူမ ခန္ဓာကိုယ် တစ်ခုလုံးနာကျင်ကိုက်ခဲနေသလို ခေါင်းလည်းကိုက်နေ၏။ သူမ အားယူကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့ သူမ ဘေးမှာ Choi Arjushi .........

"သမီး သတိရ လာပြီလား ...... "

သူမ ခေါင်းကို ဖြည်းညင်းစွာပင် ညိမ့်ပြမိသည်။ သူမ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဆေးရုံမဟုတ် ...... အိပ်ခန်းကျယ်ကြီး တစ်ခုပင် ......

String [Completed]Where stories live. Discover now