"အဲ့လိုလွယ်မလား ...... သူ ဘယ်လောက်ခေါင်းမာလဲ မင်းလည်း သိတဲ့ အတိုင်းပဲလေ ...... အခု သူ့ကို ဒီလောက် ဥပက္ခာပြုထားတာတောင် သူ့အမေနဲ့ အဖိုးရဲ့ နောက်ဆုံး အမွေအနှစ်ဆိုပြီး ကုပ်ကပ် နေနေသေးတာ ...... ဒီ ရှယ်ယာတွေကို သူ့ဆီကနေ လွယ်လွယ် တောင်းလို့ ရမယ် ထင်လို့လား"

"လွယ်လွယ်တောင်းလို့ မရရင် ရအောင်လုပ်တဲ့နည်းတွေ အများကြီးရှိပါတယ်"

"တကယ်တော့ ...... သူ့ အမေကို ရှင်းပစ်ကတည်းက တစ်ခါတည်း ရှင်းလိုက်ရမှာ ...... သူ့အဖေ Choi Juho အတွက် အသုံးချမလို့ ထားထားမိတာ မှားတာပဲ"

"အခုလည်း နောက်မကျသေးပါဘူး"

စာကြည့်ခန်းထဲက ပျံ့လွင့် လာတဲ့ အသံတွေကြောင့် သူမ ခေါင်းတစ်ခုလုံး ချာချာလည်သွားရသည်။ အခု သူမ ကြားနေရတာတွေက ဘာတွေလဲ ...... အမေ့ကို ရှင်းပစ်တာ ...... ပြီးတော့ Choi arjushi ......

"Soon Young နင် ဒီမှာ ဘာရပ်လုပ်နေတာလဲ"

သူမ အနောက်ဘက်က Hyeri ရဲ့ အသံကြောင့် သူမ ကိုယ်လုံးလေး တုန်တက်သွားကာ စကားပင်ပြန်မပြောနိုင်ဘဲ ခေါင်းကို တွင်တွင် ခါယမ်းပြရင်း သူမ အိပ်ခန်းထဲသို့ ဝင်ကာ တံခါးကို လော့ချပြီး တံခါးကို မှီလျက် ထိုင်ချလိုက်မိသည်။ ကြောက်စိတ်ကြောင့် သူမခြေဖျားလက်ဖျားတွေပင် အေးစက်လာလေသည်။ သူမ ပါးပြင်ပေါ်သို့ မျက်ရည်စက်များကလည်း အပြေးအလွှား နေရာယူလျက် .........

"Soon Young !!! Soon Young !!!" တံခါးဖွင့်စမ်း ...... Soon Young !!!"

သူမ အခန်းတံခါးကို တဒုန်းဒုန်း ထုကာ အပြင်က အော်ခေါ်နေတဲ့ အဖေ့ရဲ့ အသံက သွေးပျက်ဖွယ်ရာပင် ...... သူမ တံခါးကို မဖွင့်ပေးမိ ...... သူတို့အကြောင်းတွေ သူမ သိသွားတာကြောင့် သူမကို တစ်ခုခုလုပ်တော့မှာ သေချာလို့နေသည်။

"Shin Soon Young ...... ငါတံခါးဖွင့်လို့ပြောနေတယ်လေ ...... နင် ငါတို့ပြောနေတာတွေ အကုန်ကြားသွားတယ် မဟုတ်လား ...... တံခါးဖွင့်စမ်း!!!!!"

သူမ တံခါးကို လုံးဝ မဖွင့်ပေးဘဲ နားနှစ်ဖက်ကိုပိတ်ကာ အခန်းထောင့်မှာ ကပ်နေမိသည်။ ခဏနေတော့ အခန်းတံခါး ပွင့်လာကာ အဖေက သူမကို လက်နှစ်ဖက်ဖြင့် လာခပ်ကြမ်းကြမ်း ဆွဲထူလိုက်၏။ အဖေ့ရဲ့ အနောက်ဘက်မှာတော့ Hyeri တို့သားမိနှစ်ယောက် ......

String [Completed]Where stories live. Discover now