xxxxxxxxxxxxxxxxxxxxxxxxxx

Ji Na ပန်းခင်းကြီးကို မျက်စိတဆုံး ငေးမောနေမိသည်။ တစ်ချိန်က သူမ ချစ်ရတဲ့သူနဲ့ အတူ ဒီနေရာလေးမှာ ရှိခဲ့ဖူးတဲ့ မြင်ကွင်း အချို့ကိုလည်း ခပ်ရေးရေး မြင်ယောင်နေမိ၏။

"သမီး ... အခန်းထဲမှာ ဝင်မနားဘူးလား"

နောက်ကျောဘက်မှ သူမ အဖေရဲ့ အသံကြောင့် Ji Na သူမ အဖေဘက်လှည့်ကာ ပြုံးလိုက်မိသည်။

"ဒီနေရာလေးကို သဘောကျလို့ ခဏနေနေတာ"

Mr.Choi က သူမ ဘေးနားကို လာရပ်ရင်း

"သမီးကို တစ်ခုလောက်ပြောချင်တယ် ...... အခုကိစ္စမှာ သမီးကို အဖေ ဝင်မပါစေချင်ဘူး ...... သမီးသေချာ စဉ်းစားပါဦး ...... သူတို့ ဘယ်လောက်ထိ ယုတ်မာလဲ ဆိုတာ သမီးလည်းသိနေတာပဲ ...... အဖေ သမီးကို နောက်ထပ်တစ်ခါ မဆုံးရှုံးပါရစေနဲ့"

"သမီးဘာမှ မဖြစ်ပါဘူး အဖေ ... စိတ်ချပါ ...... သမီးက Soon Young မဟုတ်တော့ဘူး ... Ji Na ဖြစ်နေပြီ ...... ဒီတစ်နှစ်အတောအတွင်း သမီးပြင်ဆင်ခဲ့သမျှတွေကလည်း ဒီအစီအစဉ် အတွက်ပဲ ...... မနက်ဖြန်ကနေ စပြီး သူတို့အတွက် ပျော်စရာ နေ့ရက် ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူး"

မာထန်ပြတ်သားလွန်းနေတဲ့ သူမ ရဲ့ စကားသံတွေထဲမှာ နာကြည်းချက်တွေ အပြည့်ပါလို့နေလေသည်။ Mr.Choi လည်း သူ့သမီးကို ကြည့်ပြီးစိတ်မကောင်းချေ။ ဒါတွေအားလုံးက အစကတည်းက မိဘတွေရဲ့ အလိုကို ဆန့်ကျင်ပြီး ...... ချစ်ရတဲ့ သူကို သတ္တိရှိရှိ လက်မတွဲနိုင်ခဲ့တဲ့ သူ့ရဲ့ အပြစ်တွေချည်းပဲလေ......

"သမီး သဘောပါ ...... အဖေအတတ်နိုင်ဆုံး သမီးကို ကာကွယ်ပေးမှာပါ ...... ကဲ ... နားတော့နော် သမီး ...... ညနေကျရင်လည်း Seoul က အိမ်ကို ပြောင်းရဦးမယ်"

"ဟုတ် အဖေ"

Ji Na သူမ အဖေ စကားအတိုင်း သူမ အိပ်ခန်းထဲသို့ဝင်ကာ လှဲလိုက်တော့ သူမ မတွေးချင်တဲ့ အတိတ် အကြောင်း တွေက အစီအရီခေါင်းထဲ ပေါ်လာပြန်သည်။

**Flash Back***

"ရှင် ကလည်း ...... ဒါလေးတောင် မလုပ်နိုင်ဘူးလား ...... ဒီရှယ်ယာတွေ သူ့ဆီက ရအောင်တောင်းပြီး သူ့ကို ဒီအိမ်က ဖယ်ထုတ်လိုက်ရင် ပြီးပြတ်သွားမှာကို"

String [Completed]Where stories live. Discover now