"Yah...... Chal Lin နင့် သူငယ်ချင်းက တကယ့် သူဌေးထဲက ထင်တယ်နော် အစောင့်အရှောက်တွေနဲ့"

"ဟွန့် ...... Kim Taehyung နင် ဒီတစ်သက် Ji Na ဆီက မျက်လုံးက ခွါဦးမှာလား ...... မပြောချင်ဘူး မြင်ဖူး သလိုလိုနဲ့လည်း ရင်းနှီးမှုက လိုချင်သေးတယ် ...... Hotel မှာ လုပ်နေတာပဲ တစ်နေ့တစ်နေ့ ဒီလောက် လူတွေဝင်ထွက်နေတာကို တစ်ယောက်ယောက်နဲ့တော့ တူမှာပေါ့ အဲ့ဒါကိုပဲ အဆန်းလုပ်လို့"

Chal Lin က ဆောင့်ဆောင့် အောက်အောက် နှင့်ပြောလာတာကြောင့် သူမကို သူကြည့်လိုက်မိသည်။ သူမမျက်နှာက စူပုပ်နေပြီး သူ့ကို မျက်စောင်းထိုးလျက် .........

"ဟား ...... ဟားး ...... Han Chal Lin ဒါက သဝန်တိုတာလား ......"​

Chal Lin ဘာမှပြန်မပြောဘဲ သူ့ကို တစ်ချက်စောင်ကြည့်ပြီး luggage ကို ဆွဲကာ ထွက်သွားလေသည်။ သူလည်း သူမနောက်မှ အပြေးလိုက်ကာ သူမ လက်ထဲက အိတ်ကို ဆွဲယူရင်း

"Chal Lin ကလည်း တကယ်တွေ့ဖူးတယ် ထင်မိလို့ ပြောတာကို ...... ဒါနဲ့ နေပါဦး ဒီလောက်ထိ စိတ်တိုနေရအောင် ချစ်သူတွေလည်း မဟုတ်သေးဘဲနဲ့"

"Kim Taehyung ...... နင် ......"

"ဟုတ်တယ်လေ ...... နင်မှ ငါ့ကို အခုအထိ အဖြေမှပြန်မပေးရသေးတာ"

"တော်ပြီ မပေးတော့ဘူး ...... "

သူမ ခပ်ပြတ်ပြတ်ပြောပြီး လှည့်ထွက်သွားပေမယ့် သူမ မျက်နှာပေါ်က အပြုံး ခပ်ရေးရေးကို Taehyung မြင်လိုက်ရတာကြောင့် Taehyung သူမ လက်မောင်းကို ဆုပ်ကိုင်ပြီး ပြုံးလျက် သူမနား နားကပ်ကာ လေသံတိုးတိုးဖြင့်

"မပေးလည်းရပါတယ် ...... luggage ရော လူရော အဆင်သင့်ပဲဆိုတော့ တခါတည်း ခိုးပြေးလိုက်ရုံပဲ"

"ဘယ်သူက လိုက်မယ်ပြောနေလို့လဲ"

"ဒီမျက်နှာကြီးကလေ ......"

Taehyung သူမ မျက်နှာကို လက်ညှိုးနဲ့ တို့ကာ ပြောလိုက်တာကြောင့် သူမ ရယ်လိုက်လေသည်။ သူတို့နှစ်ယောက်ကို အဝေးကနေကြည့်နေမိတဲ့ Jimin ကတော့ သက်ပြင်းလေးချကာ တစ်ချက်ပြုံးလိုက်ရင်း လှည့်ပြန်သွားလေသည်

သူ Chal Lin ပြန်လာမယ် ဆိုတာကို သိတာကြောင့် Chal Lin ကိုတွေ့ဖို့ Taehyung နည်းတူ စောင့်နေခဲ့မိသည်။ Chal Lin ဘက်က ဘယ်လိုငြင်းငြင်း သူ့ဘက်က တစ်ဖက်သတ်ချစ်ခွင့် ဆိုတာတော့ရှိနေသေးတယ်လေ ...... အခုတော့ သူ့ရဲ့ တစ်ဖက်သတ် အချစ်ကို စွန့်လွှတ်သင့်ပြီထင်ပါရဲ့ ......

String [Completed]Where stories live. Discover now