"မသွားပါနဲ့လား ...... Taehyung"
Taehyung သူမကို လှည့်ကြည့်လိုက်တော့ သူမက ခေါင်းလေးငုံ့ထားကာ
"နင့်အပေါ် အရမ်းအနိုင်ယူခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ...... ဒီကနေ မသွားပါနဲ့ ......"
သူ သူမရှေ့နားမှာ ရပ်ကာ သူမ မျက်နှာကို ငုံ့ကြည့်လိုက်မိတော့ သူမ ပါးပြင်ပေါ်က မျက်ရည်စတွေကို တွေ့လိုက်ရ၏။
"Chal Lin ...... နင် ... နင် ငိုနေတာလား"
သူ့ အထိတ်တလန့်ဖြင့် မေးလိုက်တော့ သူမ ခေါင်းမော့လာပြီး သူ့လက်မောင်းကို ထုရင်း
"ဟုတ်တယ် ...... အရူးရဲ့ ...... နင့်ကို ဘယ်သူက အတင်းထွက်သွားခိုင်းနေလို့လဲ ...... ပြီးတော့ ငါ့ကိုမခေါ်တာလဲ ဘယ်လောက်တောင်ရှိနေပြီလဲ ...... စိတ်ဆိုးရင် ဆိုးတယ်လို့ပြောပါလား ...... နင်က အခုလိုကြီးနေနေတော့ ငါက ဘယ်လိုနေရတော့မှာလဲ ...... "
Taehyung သူ့ကို ထုနေတဲ့ သူမ လက်တွေကို ဖမ်းဆွဲထားလိုက်ပြီး သူမ မျက်ရည်တွေကို သုတ်ပေးကာ
"တောင်းပန်ပါတယ် ...... မငိုပါနဲ့ ...... ငါနင့်ကို စိတ်မဆိုးပါဘူး ...... ငါက နင့်ချစ်သူနဲ့ နင့်ကြား အထင်လွဲပြီး အနှောင့်အယှက်ဖြစ်မှာ စိုးလို့ ရှောင်ပေးနေတာ"
"ဘယ်မှာလဲ ...... ငါ့ချစ်သူက ......ငါနဲ့ Jimin ချစ်သူတွေလို့ နင့်ကိုပြောမိလို့လား ...... သူ့ဟာသူ ထင်ချင်ရာတွေ ထင်ပြီးတော့ ..."
"နင်နဲ့ Jimin က ချစ်သူတွေ မဟုတ်ဘူးလား ...... ဟိုတစ်ခါက နင်ပြောတော့ နင့်ကို ဖွင့်ပြောလာတယ်ဆို"
"ဖွင့်ပြောလာတိုင်း ငါက လက်ခံစရာလား ...... နင့်ကိုတောင် လက်ခံခဲ့လို့လား"
"ငါနဲ့ သူက မတူဘူးလေ ...... သူက ငါနဲ့ယှဉ်လိုက်ရင် အစစ အရာရာ သာပါတယ် ...... ပြီးတော့ နင့်ဘဝ အတွက်ဆိုလည်း သူက ပြီးပြည့်စုံတဲ့ သူတစ်ယောက် ...... နင် သူ့ကို ငြင်းစရာ အကြောင်းမှ မရှိတာ ...... အဲ့ဒါကြောင့် ငါက ......"
"တော်ပြီ မပြောနဲ့တော့ ...... ငါနဲ့ သူက ချစ်သူ မဟုတ်ဘူး ...... အဲ့ဒါကြောင့် နင်ငါ့ကို ရှောင်ဖယ်ရှောင်ဖယ် မနေပါနဲ့ ...... နင် အဲ့လိုနေတော့ ငါ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရလဲ သိလား"
String ( Part 17)
Comenzar desde el principio
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)