သူ့ အထင်နဲ့သူ လျှောက်လုပ်နေသော သူ့ကို သူမလည်း အမြင်ကတ်ကတ်ရှိတာကြောင့်

"အင်း ...... ကောင်းသားပဲ ...... နင် မရှိတော့ ငါလည်း လွတ်လွတ်လပ်လပ် နေလို့ရသွားတာပေါ့ ...... နင်ပြောသလို ငါ့ချစ်သူလည်း စိတ်ချမ်းသာသွားတာပေါ့ ... နင် ဒီလိုတွေးမိတာ အရမ်းမှန်တယ် သိလား ......"

သူမက ပြောရင်း အိုးထဲမှ ဟင်း တစ်ဇွန်းခပ်ကာ သူ့ရှေ့ကို ထိုးပေးလိုက်ပြီး

"မြည်းကြည့်ဦး ဘာလိုသေးလဲလို့ ...... နင် မပြောင်းခင် ငါ့ လက်ရာလေးတော့ စားသွားဦးပေါ့ ...... နောက်ဆို စားချင်ရင်တောင် စားရတော့မှာ မဟုတ်ဘူး"

သူ သွားမယ်ဆိုတာတောင် သံယောဇဉ်ရှိတဲ့ စကားနည်းနည်းလေးမှ မပြောတဲ့ သူမ ကြောင့်ရော သူမနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိကြောင့်ရော ဝမ်းနည်းနေတဲ့ စိတ်တွေကို မြိုသိပ်ကာ သူ့နှုတ်ခမ်းနားရောက်လာတဲ့ ဇွန်းထဲကို ဟင်းရည်ကို သတိလက်လွတ် မြည်းကြည့်လိုက်မိသည်။

"အားးး ပူလိုက်တာ"

လျှာမှာ ပူခနဲ ဖြစ်သွားတာနှင့် အတူ မျက်ရည်လည်း ပေါက်ခနဲ ကျလာလေသည်။ ဒီမျက်ရည်တွေက သူ့ ရင်ထဲက နာကျင်မှုရဲ့ သက်သေတွေပေါ့ ...... သူမကတော့ ပြာပြာသလဲဖြင့်

"အရမ်း ပူသွားတာလား ...... ငါတောင်းပန်ပါတယ်...... သတိမပေးလိုက်မိဘူး"

"ရပါတယ်......"

ပါးစပ်ကသာ "ရပါတယ်" လို့ပြောလိုက်ပေမယ့် မျက်ရည်က ထပ်ကျလာတာကြောင့် သူ အိမ်အပြင်ဘက် ဝရံတာသို့ ထွက်လာခဲ့မိ၏။ အရမ်းချစ်မိလို့လားမသိ သူမနဲ့ ပတ်သက်ရင် အသေးအမွှားလေးက အစ လျစ်လျူမရှုနိုင် လောက်အောင် သူ့ကိုခံစားချက်တွေ ပေးနိုင်လွန်းသည်။ ခဏကြာတော့ Chal Lin အိမ်ထဲက ထွက်လာကာ သူ့ဘေးနား လာရပ်လေသည်။

"ဘာဖြစ်သွားတာလဲ"

"ဘာမှမဖြစ်ပါဘူး ......... စားလို့ရပြီလား ......ငါ ဗိုက်ဆာနေပြီ သွားရအောင်"

သူ ပြောပြီး အိမ်ထဲပြန်လှည့်ဝင်မယ် အလုပ် သူမဆီကနေ တလုံးချင်းစီကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွား၏။

String [Completed]حيث تعيش القصص. اكتشف الآن