သူတို့နှစ်ယောက်ပြောနေစဉ်မှာပင် Reception က ဝန်ထမ်းမလေးက သူ့ဘေးနားက ဖြတ်သွားတဲ့ကောင်လေးကို
"Taehyung ညတုန်းက နင့်ဂျူတီ မဟုတ်လား ...... "
Taehyung ဆိုတဲ့ ကောင်လေးက သူ့ကို တစ်လှည့်ဝန်ထမ်းမလေးကို တစ်လှည့်ကြည့်ရင်း
"အင်း ဟုတ်တယ် ...... ဘာဖြစ်လို့လဲ"
"ဒီဧည့်သည်က ညတုန်းက သူ့ကို ဘယ်သူခေါ်လာတာလဲ မေးနေလို့ ...... ညတုန်းက နင်ဂျူတီကျတာ ဆိုတော့ သိများသိမလားလို့"
"ငါလည်း တခြား ဧည့်သည် တစ်ယောက်ကို လိုက်ပို့နေလို့ သတိမထားလိုက်မိဘူး"
ကောင်လေးဆီက အဖြေစကားကြောင့် သူ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရသည်။ ဒါဆို သူ့ကိုခေါ်လာတာ ဘယ်သူလဲ ??? သူ့လက်ထဲမှာ ရှိနေတဲ့ ခေါင်းစည်းကြိုးက ဘယ်လိုလုပ် ရောက်လာတာလဲ ??? ဘာတွေလဲ သူ စဉ်းစားလို့ မရနိုင်တော့ပေ။ Jin ခေါင်းငိုက်စိုက်ချလျက် Hotel ထဲမှ လေးလံသော ခြေလှမ်းများနှင့်ထွက်လာခဲ့၏။
"အစ်ကို ...... အစ်ကို"
သူ့နောက်ကနေ ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ခုနက ကောင်လေး......
"အစ်ကို့ ကားသော့ကျန်ခဲ့လို့ ...... အစ်ကို့ ကားက ကားပါကင် ဘယ်ဘက် ထောင့်ဆုံးမှာပါ"
Jin သူ့ဆီကနေ ကားသော့ကို ယူပြီး ကားဆီသို့ ထွက်လာခဲ့တော့သည်။ သူ့လက်ထဲက ခေါင်းစည်းကြိုးလေးရယ် သူ့ coat အကျင်္ီမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ ရေမွှေးနံ့လေးရယ်ကတော့ ပိုင်ရှင် ပျောက်ဆုံးလို့နေလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာကြောင့် Chal Lin မနက်စာ ချက်နေစဉ် Taehyung အလုပ်က ပြန်ရောက်လာလေသည်။ သူမနဲ့ သူ တစ်အိမ်တည်းနေပြီး မျက်နှာချင်း မဆိုင်ဖြစ်တာ တော်တော်ပင်ကြာနေပြီ။ ခါတိုင်းဆို သူမ အိမ်မှာရှိနေလျှင် Taehyung က အပြင်ပြန်ထွက်ထွက် သွားတာများလေသည်။ ဒီနေ့တော့ သူ အပြင်ပြန်မထွက်ဘဲ သူမ ချက်ပြုတ်နေတဲ့နား လာပြီး ရစ်သီ ရစ်သီ လုပ်နေ၏။
"ဘာပြောစရာရှိလို့လဲ Taehyung"
"Chal Lin ...... ငါ ဒီမှာ မနေဖြစ်တော့ဘူး ...... အပြင် အဆောင်မှာနေဖို့ အကုန်စီစဉ် ပြီးသွားပြီ ဆိုတဲ့ အကြောင်းပြောမလို့"
String ( Part 17)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)