ဘယ်သူမှ မသိရင်တောင် Hotel က ဝန်ထမ်း တစ်ယောက်ယောက်တော့ သိကိုသိရမယ်လို့ တွေးပြီး သူ့ကိုယ်ပေါ်က အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြင်ဝတ်လိုက်ရင်း အောက်ထပ်ကို ဆင်းဖို့ ခုံပေါ်မှာတင်ထားတဲ့ coat အကျင်္ီကိုယူလိုက်တော့ သူ့ coat အကျင်္ီပေါ်မှ Soon Young သုံးနေကျ ရေမွှေးနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာလေသည်။ ဒါဆို မနေ့က ဒီအခန်းထဲမှာ Soon Young ရှိနေခဲ့တာ သေချာသည်။ သူ Soon Young ကို မြင်တယ်ဆိုတာ အိမ်မက်မဟုတ် ...... Jin အတိအကျသိရအောင် အောက်ထပ် Reception ဆီသို့ အမြန် ဆင်းလာခဲ့မိသည်။
"ကျွန်တော်က အခန်းနံပါတ် 502 က ဧည့်သည်ပါ ... ညက ကျွန်တော့်ကို ဒီကို ဘယ်သူခေါ်လာတာလဲ ဆိုတာသိချင်လို့"
"aww ...... အခန်း နံပါတ် 502 ကလား ခုနလေးတင်ကပဲ မိန်းကလေး တစ်ယောက် အဲ့ဒီ့အခန်းအတွက် ပိုက်ဆံရှင်းသွားတယ် ...... ပြီးတော့ ဧည့်သည် အခန်းသော့ လာပေးရင် ဒီကားသော့လေး ပေးလိုက်ပါလို့လည်းမှာသွားသေးတယ်"
Jin ဝန်ထမ်းမလေးကမ်းပေးတဲ့ ကားသော့ကို ဂရုမစိုက်နိုင်အား သူမ ပြောတဲ့ မိန်းကလေးတစ်ယောက် ဆိုတဲ့ စကားကြောင့် သူ စိတ်တွေ လှုပ်ရှား သွားမိသည်။
"မိန်းကလေး တစ်ယောက် ဟုတ်လား ...... ဘယ်လိုပုံစံလဲ ...... ဘယ်ဘက်ကို ထွက်သွားတာလဲ"
"ဘယ်ဘက်ကိုထွက်သွားလဲတော့ ကျွန်မတို့လည်း သတိမထားမိဘူး ... ပုံစံကတော့ ဆံပင်အဖြောင့် ကျောလယ်လောက်နဲ့ မျက်နှာက mask အုုပ်ထားတော့ သေချာ မသိဘူး ......ပြီးတော့ ဦးထုပ်လည်းဆောင်းထားသေးတယ် ...... အရပ်က သိပ်လည်း မနိမ့်ဘူး ...... သိပ်လည်း မမြင့်ဘူး"
"ကျွန်တော့်ကို ခေါ်လာတာရော သူပဲလားဟင် ...... ကျွန်တော် ဒီ hotel က CCTV မှတ်တမ်းကို ခဏလောက် ကြည့်လို့ရမလား"
"CCTV မှတ်တမ်းကတော့ Manager ခွင့်ပြုချက်မပါဘဲနဲ့ ကြည့်လို့မရဘူး ...... အရေးကြီးလို့လား"
"nae ...... ကျွန်တော့် အတွက် အရမ်းအရေးကြီးလို့ပါ ...... အဲ့မိန်းကလေး ဘယ်သူလဲဆိုတာ ကျွန်တော် သိရမှ ဖြစ်မှာမို့လို့ပါ"
"ကျွန်မတို့ကလည်း ညဘက်တာဝန်ကျတာ မဟုတ်တော့ ခက်တာပဲ ...... အကြောင်းပြချက် မခိုင်လုံရင် CCTV ကြည့်ခွင့်ကို မန်နေဂျာကြီးက ပေးမှာ မဟုတ်လောက်ဘူး"
String ( Part 17)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)