String ( Part 17)

Start from the beginning
                                        

သူ့လက်ထဲက ဆွဲယူလိုက်တဲ့ Hyeri ဆီက ခွက်ကို ပြန်ဆွဲယူလိုက်ကာ

"ကျွန်တော့်ကို တစ်ယောက်တည်း လွှတ်ထားပေးပါ ...... ကျွန်တော် ဒါသောက်ရမှ မူးပြီး ခံစားရတာ သက်သာမှာ ...... ဒီအတိုင်းဆို ကျွန်တော် အချိန်တိုင်း ခံစားရလွန်းလို့......"

"ကျွန်မလည်း ညီမ တစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ သူပါ ကျွန်မလည်း ခံစားရပါတယ် ...... အခု ကျွန်မ ပြောနေတာတွေက Jin အတွက် ...... Jin မိသားစု ဘက်ကိုရော Jin ထည့်မစဉ်းစားတော့ဘူးလား ......"

Hyeri ပြောသမျှကို သူ ဂရုမစိုက်ဘဲ သူ သောက်လက်စ ပုလင်းကိုသာ ကုန်အောင် ဆက်သောက်နေမိသည်။ Hyeri ထပြန်သွားလေ သလား မပြန်သွားလေ သလားတော့မသိ သူ ပြန်ဖို့မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာ လဲကျပြီး လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတာ တစ်ခုသာ သိလိုက်၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Soon !!!!"

Jin သူမ နာမည်ကို ခေါ်ကာ မောဟိုက်စွာနှင့် အိပ်ယာမှ ထလာခဲ့သည်။ မနေ့ညက သောက်ထားတဲ့ အရှိန်ကြောင့် သူ့ခေါင်းထဲမှာ ရီဝေနေဆဲ ...... သူ အိပ်ယာကို ကြည့်လိုက်မိတော့ ...... သူ့အိမ်က အိပ်ယာမဟုတ်ဘဲ ...... Hotel ခန်း တစ်ခုထဲက အိပ်ယာ ဖြစ်နေတာကို တွေ့လိုက်ရ၏။

"Aish!!! ငါ မနေ့က ဘာတွေဖြစ်ခဲ့တာလဲကွာ...... "

သူ ပြန်စဉ်းစားတော့ မနေ့က သူလဲကျသွားပြီး သူ့ကို တစ်ယောက်ယောက် လာတွဲလိုက်တာကို သတိရလိုက်မိ၏။ ။ ပြီးတော့ သူ့အိမ်မက် ...... သူ့အိမ်မက်ထဲမှာ Soon Young က သူ့လက်ကို ကိုင်ပြီး ငိုရင်း သူ့ကိုလည်း အခုလိုအရက်တွေ မသောက်ဖို့ ပြောနေလေသည်။

သူ ထိုင်နေရင်း အိပ်ယာခင်းပေါ်က တစ်ခုခုကို စမ်းမိလိုက်တာကြောင့် ယူကြည့်လိုက်တော့ Soon Young ပေးခဲ့တဲ့ ခေါင်းစည်းကြိုးလေး ...... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...... သူ ကိုယ်တိုင် သူမ အုတ်ဂူရှေ့မှာ ထားခဲ့တဲ့ ခေါင်းစည်းကြိုးလေ ...... အခု ဘယ်လိုလုပ်ဒီကို ...... မဟုတ်မှ လွဲရော Soon Young မသေသေးဘဲ မနေ့က သူ့ဆီလာသွားတာလား ...... သူခေါင်းတွေ အရမ်းရှုပ်ထွေး သွားမိသည်။ မနေ့ညက သူ Hotel ကို ဘယ်လိုရောက်လာခဲ့တယ် ဆိုတာကိုလည်း သူ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရတော့ချေ ။

String [Completed]Where stories live. Discover now