"လမ်းလျှောက်ရတာက ကိစ္စမရှိပါဘူး …… ကျွန်မ အဲ့လူကို တွေ့ဖူးချင်လို့"

"Soon Young …… သဘောလေ …… နည်းနည်းတော့ ဝေးတယ်နော်"

"ရပါတယ်"

တက်ကြွနေတဲ့ သူမဆန္ဒ ကိုဖြည့်ဆည်းပေးချင်တာကြောင့် Jin မတားတော့ဘဲ နှစ်ယောက်သား စကားပြောလိုက် ဓါတ်ပုံ ရိုက်လိုက်ဖြင့်ပင် အိမ်လေးရှိရာ ဆီသို့ လျှောက်လာခဲ့ကြ၏။

အိမ်လေးဆီရောက်တော့ ပန်းခင်းပိုင်ရှင် ဦးလေးက ကုလားထိုင်တွင်ထိုင်ကာ စာအုပ်ဖတ်နေတာကို တွေ့လိုက်ရ၏။

"Choi Arjushi !!!"

"arr Jin …… လာလေ …… ဓါတ်ပုံလာရိုက်တာလား"

"ဟုတ်တယ် ဦးလေး"

Mr.Choi က Soon Young ကို ကြည့်ကာ

"aww …… ဧည့်သည်ပါ ပါလာတာကိုးး …… ချစ်သူလား???"

"မဟုတ်ပါဘူး …… သူငယ်ချင်းပါ …… ဦးလေး အကြောင်းပြောပြမိတော့ ဦးလေးနဲ့ တွေ့ချင်တယ် ဆိုလို့"

"လာလေ …… အိမ်ပေါ်လာကြ"

Mr.Choi က သူတို့နှစ်ယောက်ကို ဧည့်ခန်းထဲမှာ ထိုင်ခိုင်းရင်း

"ခဏလေးနော် …… ဦးလေး စားစရာ တစ်ခုခု သွားလုပ်လိုက်ဦးမယ် ……"

"ရပါတယ် ဦးလေးရဲ့ …… နေပါစေ"

"ဘယ်ဟုတ်ပါ့မလဲ …… အဝေးကြီးက လာရတဲ့ သူတွေကို …… လမ်းလည်း လျှောက်လာကြရသေးတယ် မဟုတ်လား"

Mr.Choi က ပြောပြောဆိုဆိုနှင့် မီးဖိုခန်းထဲ ဝင်သွားလေသည်။ Soon Young ကတော့ နံရံမှာ ရှိတဲ့ ပန်းချီပုံတွေကို စိတ်ဝင်စားစွာ လိုက်ကြည့်နေ၏။ တနေရာ ရောက်တော့ သူမရပ်တန့်သွားကာ ဓါတ်ပုံတစ်ပုံကို စူးစူးစိုက်စိုက်ကြည့်နေတာကြောင့် Jin လည်း ထကာ သူမနားသို့ သွားပြီး

"အဲ့ဒါက Choi Arjushi နဲ့ သူ့ချစ်သူလေ……  အထက်တန်းတုန်းကနဲ့တူတယ်"

"ဒါက …… Choi Arjushi ရဲ့ ချစ်သူ ဟုတ်လား"

သူမ အသံတွေတုန်ယင်နေတာကို သတိထားလိုက်မိတာကြောင့် Jin စိုးရိမ်စွာဖြင့် သူမမျက်နှာကို ငုံ့ကြည့်လိုက်မိသည်။ သူမ မျက်နှာတွင် အံ့သြခြင်း ဝမ်းနည်းခြင်းတို့ ပြည့်နှက်လို့နေလေသည်။

String [Completed]Where stories live. Discover now